This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, May 21, 2021

မိရိုးဖလာ ရိုးရာအလုပ်များဖြင့် ပျော်မွေ့နေကြသော လယ်သမားတို့၏ဘဝ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထိုသို့စိုက်ပျိုးရေးကို အဓိကထားပြီး ရွံ့တွေ ဗွက်တွေထဲတွင် တစိုက်မတ်မတ်စိုက်ပျိုး လုပ်ကိုင်ရသောကြောင့် လယ်သမားတို့၏ ဘဝသည် ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ နုံချာသည်၊ အနေစုတ်သည်၊ စာမတတ်သူနည်းပါး၍ တောသူတောင်သားများမှာ အသိပညာ ဗဟုသုတ နည်းပါးသည်ဟု လူအများ၏ အထင်သေး ဆက်ဆံခြင်းကို ခံရသည်။ ရှေးအခါက တောရွာများသည် မြို့နှင့်အလှမ်းဝေးသည့်အပြင် လမ်းခရီးကလည်း ကြမ်းတမ်း၊ ရွံ့တွေ၊ ဗွက်တွေနဲ့မို့ သွားရေးလာရေး ခက်ခဲသောကြောင့် မိဘများမှာ သားသမီးများ၏ ပညာရေးကို ဆုံးခန်းတိုင်အောင် မထားနိုင်ရှာပေ။
ထိုအချိန်ခါက တောရွာများတွင် စာသင်ကျောင်းများ ယခုကဲ့သို့ ကျောင်းသားဦးရေနှင့် လိုက်လျောညီထွေမှုရှိအောင် များများစားစား မရှိကြသေးဘဲ လေးရွာ၊ ငါးရွာမှ စာသင်ကျောင်း တစ်ကျောင်းလောက်သာ ရှိလေသည်။ ဒါတောင် မူလတန်း အဆင့်လောက်သာ ရှိပြီး ၄ တန်းအောင်လို့ ၅ တန်းတက်သည့်အခါ မြို့ကျောင်းများသို့ ကျောင်းပြောင်းပြီး ထားကြရသည်။ တချို့ မိဘများမှာဆိုလျှင် ငွေရေးကြေးရေး ပြည့်စုံမှုမရှိသည့်အပြင် လမ်းခရီးကလည်းဆိုး ဝေးလည်းဝေးသောကြောင့် ငါးတန်းလောက်ဖြင့် ကျောင်းထုတ်ခါ မိမိတို့နှင့်အတူ လယ်တော ယာတောထဲသို့ ဆင်းစေပြီး မိရိုးဖလာ လုပ်ငန်းများဖြစ်သော ကောက်စိုက်၊ ပျိုးနုတ် အလုပ်များဖြင့်သာ ရွံ့တွေဗွက်တွေထဲတွင် နပန်းလုံး နေကြရတော့သည်။
နဂိုကမှ ရိုးအေးသည့် မိသားစုများမှ ပေါက်ဖွားလာသူများ ဖြစ်သောကြောင့် ပညာမတတ်သည့်အခါ နုံအပြီး အတွေးအခေါ်များပါ ညံ့ဖျင်းသွားတော့သည်။ သို့သော် တောသူတောင်သားများသည် စိတ်ဓာတ်ကတော့ ရိုင်းစိုင်း၊ ယုတ်ညံ့၊ ကောက်ကျစ်သူများ မဟုတ်ကြပေ။ ရိုးသည်၊ အသည်၊ ဧည့်သည်များ လာလျှင်လည်း ခင်မင်တတ်သည် ပျူငှာဖော်ရွေမှု ရှိသည်။ ကျွေးချင်မွေးချင်စိတ် ရှိကြသည်။ ပြောစရာရှိလျှင်လည်း အရိုးခံသမားတွေမို့ ပွင့်ပွင့်လင်းလင်းပင် ပြောတတ်ကြသည်။ မြို့သူ မြို့သားများက အသိပညာ ဗဟုသုတနှင့် အတတ်ပညာများ သာပေလိမ့်မည်။ စိတ်ထားကတော့ တောသူ တောင်သားများက ကောင်းပြီး ရိုးသားဖြူစင်ကြသည်။ သို့သော် တောရွာသူ တောရွာသားများက ဟောဟောဒိုင်းဒိုင်းဖြင့် ဘွင်းဘွင်းသမားများ ဖြစ်ကြသည်။
တောရွာများတွင် ဆိုရိုးစကားတစ်ခုသည် " သူ့အရပ်နှင့်သူ့ဇာတ် '' တဲ့ သူ့အရပ်ဒေသနှင့်သူ နေရာဒေသ သဘောထားများ လူနေမှုစရိုက်လက္ခဏာ စိတ်နေသဘောထားများကတော့ ကွဲလွဲပေလိမ့်မည်။ တောရွာသူ တောရွာသားများသည်။ ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းသော အဖြူထည်သက်သက် သမားများသာ ဖြစ်ကြသည်။ လူလိမ်၊ လူညာ၊ လိမ်လည် လှည့်ပတ်သူများ မရှိပေ။ သို့သော် စုန်းပြူးတစ်ယောက် တစ်လေတော့ ရှိပေလိမ့်မည်။ တောင်သူလယ်သမား ဦးကြီးများသည် ရွံ့တွေ ဗွက်တွေနဲ့ တစ်နေကုန် ရုန်းကန်လှုပ်ရှား နေရပေမဲ့ သူတို့၏ ရှေးရိုးစဉ်လာ ရိုးရာအလုပ်များဖြင့် မအားနိုင်ရှာပေ။ လယ်ထွန်၊ ကောက်စိုက်၊ ပျိုးနုတ်ကြရင်းဖြင့် တေးသီချင်းများ သံစုံဟစ်ခါ စကြနောက်ကြ အော်ကြဟစ်ကြရင်းဖြင့် လယ်ကွင်းထဲတွင် ပဲတင်သံများထပ်နေပြီး တစ်နေကုန် အလုပ်များ လုပ်ကြရသဖြင့် ပင်ပန်းနေကြသော်လည်း အော်ကာဟစ်ကာ စကာနောက်ကာဖြင့် ရယ်စရာများပြော၍ လူပင်ပန်းမှုကို စိတ်အေးချမ်းမှုဖြင့် ဖြေဖျောက်နေကြရသည်။ မိုးဦးစတာနဲ့ ထွန်ယက်စိုက်ပျိုးပြီး လယ်ဧကများသူတွေမှာ နှစ်လခွဲလောက်ကြာအောင် စိုက်ပျိုးကြရသည်။ သို့သော် စိုက်ပျိုးရန်ရေနှင့် ပျိုးနုတ်သူ ကောက်စိုက်သမ အဆင်သင့်ရှိပါမှ အဆင်သင့်မရှိလျှင် သုံးလလောက်တော့ ကြာအောင်စိုက်ပျိုး ကြရသည်။ စိုက်ပျိုးပြီး၍ မနားရသေးချေ။ စိုက်ပျိုးပြီးစီးသည့် လယ်ကွင်းသို့ မကြာခဏလာပြီး ပေါင်းမြက်နုတ်ခြင်း၊ လယ်ကတွတ်ပိတ်ခြင်း၊ မြေဩဇာကျွေးခြင်းများ ပြုလုပ်ရသေးသည်။

မိုးကုန်လို့ ဆောင်းကူးရင်ဖြင့် စပါးပင်များရင့်မှည့်ကာ ရိတ်သိမ်းကြရပြီး ကောက်လှိုင်းများကို ကန်သင်းပေါ်တင်၊ ထယ်များထိုး၊ ထွန်များမွှေကာ မတ်ပဲ၊ ကုလားပဲများ ပြန်၍စိုက်ပျိုးကြ သေးသည်။ ဤသို့ဖြင့် လယ်သမား ယာသမားများ၏ဘဝသည် လယ်ကွင်းထဲမှ ပြန်ရသည်မရှိဘဲ တစ်နှစ်ပတ်လုံး လုံးလည်ချာလည်လိုက်ခါ ထွန်ကြယက်ကြ စိုက်ပျိုးကြရင်းဖြင့် သီချင်းလေးများ ဆိုညည်းကာ ဘိုးဘွားလက်ထက်က ဆင်းသက်လာခဲ့သည့် မိရိုးဖလာ ရိုးရာအလုပ်များဖြင့် သူတို့ဘဝလေးတွေ ပျော်မွေ့နေကြလေတော့သည်။ 

ဇေယျာထက် (မင်းဘူး)

Thursday, May 20, 2021

မြန်မာတို့၏ မိရိုးဖလာ ရိုးရာလုပ်ငန်းတစ်ခုဖြစ်သော သင်ဖြူးဖျာ ရက်လုပ်ခြင်းလုပ်ငန်း




 


       သင်ဖြူးဖျာရက်လုပ်ခြင်း လုပ်ငန်းသည် မိရိုးဖလာ ရိုးလုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာတို့၏ ရှေးယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ ရှင်ပြု၊ ရဟန်းခံ၊ မင်္ဂလာဆောင်တို့၌ မပါမဖြစ်သော  အသုံးအဆောင် ပစ္စည်းဖြစ်၍ နိုင်ငံခြားမှ တင်သွင်းလာသော ဖယောင်းပုဆိုး၊ လီနိုလီယမ်စသော ကြမ်းခင်းပစ္စည်းများ မည်သို့မျှပင်လှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်လျောညီထွေမှုရှိခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ထားသိုရန်လွယ်ကူခြင်း၊ တန်ဖိုးမများပဲ အသုံးခံခြင်းမရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်သားများသည် သင်ဖြူးဖျာကို ယနေ့တိုင်စွဲစွဲမြဲမြဲ သုံးစွဲခဲ့ကြသည်။

ရွံ့နွံထူထပ်သောစိမ့်မြေများ၌ပေါက်ရောက်မှုများ

       သင်ဖြူးဖျာကို သင်ပင်မှ ရက်လုပ်ကြရပြီး ထိုသင်ပင်များကို မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝ ကျွန်းပေါ်နှင့် တနင်္သာရီတိုင်းရှိ ရွံ့နွံထူထပ်သော စိမ့်မြေများ၌ စိုက်ပျိုးကြပြီး ပေါက်ရောက်မှုလည်း ပိုများလေသည်။ သင်ပင်ကိုမူ သင်ပင်များပေါက်သောတောမှခုတ်၍ သယ်ယူလာသော သင်ချောင်းများကို နှစ်တောင့်လက်လေးသစ်၊ နှစ်တောင့်ထွာ၊ နှစ်တောင့်နှစ်မိုက် စသည်ဖြင့် အတိုအရှည် အမျိုးမျိုးရှိပြီး ကိုယ်လိုချင်သောအရှည်ကို အညီအမျှ ဖြတ်ယူကာ ကြီးငယ်အလိုက် အလယ်အူတိုင်ကို ချန်လှပ်ပြီး သုံးခြမ်းမှ ငါးခြမ်းအထိဓားဖြင့် ခွဲစိတ်ထုတ်ယူကြရသည်။

အစည်းစည်း၍ပုံထားခြင်းကိုသင်မသည်

       အူလှီးပြီးသောသင်များကို သုံးရက်ခန့်နေလှန်း၍ ခြောက်သွေ့သွားသောအခါ သင်စိတ်များ လိပ်၍တက်လာပြီး အစိမ်းရောင်မှ အညိုရောင်သို့ ပြောင်းသွားလေသည်။ ခြောက်သွေ့သွားသော သင်ချောင်းများကို အချောင်း ၄၀၀၊ (သို့) ၅၀၀ ရေတွက်၍ အစည်း စည်း၍ပုံထားခြင်းကို သင်မသည်ဟုခေါ်သည်။ ဖျာတစ်ချပ်ရက်လျှင် သင်ချောင်း ၄၀၀ စည်း ( ၂ )စည်းကုန်လေသည်။ ခွာထုတ်ပြီးသော သင်ကြောများသည် ဖျာရက်ရန် အသင့်ရှိပြီဟု ဆိုသော်လည်း ဝါးလုံးတန်းများတွင် တစ်ရက်နေလှန်းပေးရသေးသည်။ ခြောက်သွေ့သွားသော သင်ချောင်းများ အရောင်ဖွေးလာပါက ပုံစံကွက်ဖော်၍ ရက်လုပ်ရန် အရောင်ဆိုးသူများလည်း ရှိပေသည်။

နှစ်လွှာပေါင်း၍ကွတ်ခြင်းကိုသင်ဖြူးဖျာဟုခေါ်သည်

       ခြောက်သွေ့သွားသော သင်ချောင်းများကို ကြိုးဖြင့်စည်း၍ အထုံးများထုံးကာ သိမ်းထားရသည်။ သင်ဖြူးဖျာများ ရက်လုပ်တော့မည့် အခါကျမှ သင်ထုံးများကို ထုတ်ယူကာ ရေသင့်တော်ရုံဆွတ်၍ ရက်လုပ်ရသည်။ ရေမဆွတ်ဘဲ ရက်လုပ်ပါက သင်ချောင်းများ ကြွပ်ဆတ်ဆတ်ဖြင့် အကိုင်မခံဘဲ ကွဲတတ် ကျိုးတတ်၍ ရက်လုပ်ရာတွင် သေသေသပ်သပ် မဖြစ်နိုင်ပေ။ တချို့သင်ဖြူးဖျာများကို နှစ်ဖက်စလုံး သင်ချောဖြင့်ရက်လုပ်၍ နှစ်ဖက်ချောဟုခေါ်ပြီး၊ တချို့ကမူ တစ်ဖက်ကသင်ကြမ်း တစ်ဖက်က သင်ချောများနှင့် ရက်လုပ်ကြသဖြင့် တစ်ဖက်ချောဟု ခေါ်လေသည်။ အပေါ်အောက် နှစ်ဖက်စလုံး ရက်လုပ်ပြီး ထိုနှစ်လွှာကို အနီရောင်ချည်ကြိုးဖြင့် ကွတ်ထားခြင်းကို သင်ဖြူးဖျာတစ်ချပ်ဟု ခေါ်သည်။

မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်

       မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာလုပ်ငန်း၌ ထင်ရှားသော မြို့နယ်များမှာ ပန်းတနော်၊ ဓနုဖြူ၊ လေးမျက်နှာ၊ ဟင်္သာတမြို့များဖြစ်ပြီး မအူပင်မြို့နယ်များလည်း သင်ဖြူးဖျာများထွက်သေးသည်။ တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်မှ သင်ဖြူးဖျာ လုပ်ငန်းသည် အရေးပါသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ်ဖြစ်ပြီး သင်ဖြူးဖျာရက်လုပ်ခြင်းသည် လယ်ယာလုပ်ငန်းနည်းတူ တစ်နှစ်စာ ဝမ်းရေးအတွက် လုံလောက်သည့် မိရိုးဖလာ လုပ်ငန်းတစ်ခုဖြစ်သည်ဟု သိရသည်။

 ဇေယျာထက် (မင်းဘူး)

 

Friday, May 14, 2021

မန်းရွှေစက်တော်ရာဘုရားမုဆိုးတောင်စေတီတော်ရွှေထီးတော်တင်လှူပူဇော်ပွဲကျင်းပ

 





ငဖဲ  မေ

 

               မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာဘုရား မုဆိုးတောင်စေတီတော်ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် အထက်စက် တော်ရာရွှေတန်ဆောင်းတော်ကြီးဘက်စုံပြုပြင်ပါကေးခင်းခြင်းရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က မန်းရွှေစက်တော်ရာဘုရားအထက်စက်တော်ရာ ဘုရားရင်ပြင်ကျင်းပ ပြုလုပ်သည်။

               ရှေးဦးစွာတက်ရောက်လာကြသောသံဃာတော်အရှင်သူမြတ်၊အလှူရှင်များနှင့်ဧည့်ပရိသတ်များက နမောတသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားကိုဖွင့်လှစ်ပြီးမန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့၏ ဩဝါဒစရိယဆရာတော်ဘဒ္ဒန္တခမာစာရ ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များနာယူကြသည်။ဆက်လက်၍ ဘုရားဒါယကာ၊ဒါယိကာမများက မုဆိုးတောင်စေတီတော်ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော်ဘုံဆင့်များကိုသံဃာတော်များထံဆက်ကပ်၍ လှူဖွယ်၀တ္ထူပစ္စည်းများဆက်ကပ်လှူဒါန်းပြီး မင်းဘူးမြို့ မှန်ကင်းတိုက်သာသန ဝေပုလ္လ ကျောင်း ပဓာနနာယကဆရာတော် မင်းဘူး(စကု)မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဘဒ္ဒန္တပုည ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

               ဆက်လက်၍ ရွှေထီးတော်ဘုံဆင့်များပင့်ဆောင်ခြင်း၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင် လှူပူဇော်ခြင်းအခမ်းအနားကိုမုဆိုးတောင်စေတီတော်တွင်ကျင်းပပြုလုပ်ရာ ရွှေထီးတော်မြတ်အား ပရိတ်နံ့ သာရေတို့ဖြင့် ပက်ဖျန်းပူဇော်ပြီး သံဃာတော်များဦးဆောင်၍ "ဇယန္တော ဗောဓိယာ မူလေ" အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များကိုရွတ်ဆိုပူဇော်ပြီး မုဆိုးတောင်စေတီတော်ရွှေထီးတော်တင်မဟာမင်္ဂလာ အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ငွေမိုးများရွာသွန်းဖြိုးခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ကဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ()ကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

               အဆိုပါ မုဆိုးတောင်စေတီတော်ရွှေထီးတော်တင်လှူပူဇော်ခြင်းကို မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌဦးစန်းဌေး နှင့်ဌာနဆိုင်ရာအလှူရှင်များကစုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး မန်းရွှေစက်တော်ရာ ဘုရားကြီးတွင်ဘုရားဂေါပကအဖွဲ့မှသာသနိကအဆောက်အအုံများပြုပြင်မွမ်းမံခြင်း၊ မုဆိုးတောင်ရင်ပြင် တိုးချဲ့ခြင်း၊ကြွေပြားခင်းခြင်း၊ကွန်ကရစ်လမ်းခင်းခြင်းနှင့် အာရုံခံတန်ဆောင်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မယု(ငဖဲ)