Friday, April 1, 2016

ပိုလီယိုရောဂါပိုး အမျိုးအစားသုံးမျိုး ပါဝင်သော t OPV မှနှစ်မျိုးပါဝင်သော b OPV သို့ ပြောင်းလဲသုံးစွဲခြင်းအကြောင်း အသိပေးရှင်းလင်း




ငဖဲ     ဧပြီ    
ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပိုလီယိုအကြောသေ ရောဂါ လုံးဝပပျောက်ရေး အပြီးသတ်မဟာဗျူဟာ စီမံကိန်းအရ ၂၀၁၈-ခုနှစ်တွင် ပိုလီယိုကင်းစင် သော ကမ္ဘာဖြစ်ရေး ရည်မှန်းချက်ဖြင့် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်အတွင်း ပိုလီယိုရောဂါပိုး အမျိုးအစားသုံးမျိုး ပါဝင်သော t OPV မှနှစ်မျိုးပါဝင်သော b OPV သို့ ပြောင်းလဲအသုံးပြုခြင်း အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်အောင်က ပိုလီယိုရောဂါပိုး (၃)မျိုးအနက် ပိုလီယိုအရိုင်းပိုးအမျိုးအစား(၂)သည် ၁၉၉၉ ခုနှစ်မှစတင်၍ ကမ္ဘာပေါ်တွင် လုံးဝကင်းစင်ပပျောက်ခဲ့ပြီဖြစ်ကြောင်း၊ ပိုလီယိုအရိုင်းပိုးများ ကင်းစင်သောအချိန်တွင် ပိုလီယို အစက်ချကာကွယ်ဆေးအားလုံးကို ရေရှည်အစီအစဉ်ဖြင့် အဆင့်လိုက် ဖယ်ရှားမည်ဖြစ်ရာ ပထမအဆင့် အနေဖြင့် ပိုးသုံးမျိုးလုံးပါဝင်သော t OPV ကာကွယ်ဆေးမှ ကင်းစင်ပြီးသော ပိုးအမျိုးအစား(၂)ဖယ်ထုတ်ထားပြီး ပိုးအမျိုးအစား(၁)နှင့်(၃)နှစ်မျိုးသာပါဝင်မည့် b OPV ကို ပြောင်းလဲသုံးစွဲမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
 မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနမှ ဆရာ/ဆရာမများအား ပိုလီယို ရောဂါပိုး အမျိုးအစားသုံးမျိုးပါဝင်သော t OPV မှ နှစ်မျိုးပါဝင်သော b OPV သို့ပြောင်းလဲ သုံးစွဲ ခြင်းနှင့် ပတ်သက်၍ သင်တန်း ဆက်လက်ပို့ချ ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment