Tuesday, March 29, 2016

Ooredoo ကုမ္ပဏီ(မကွေးရုံးခွဲ)မန်နေဂျာအား မိမိကိုယ်ကျိုးအတွက်အလွဲသုံးစားပြုမှုဖြင့် တိုင်တန်းအမှုဖွင့်*

                      မကွေးမြို့၊ အောင်မင်္ဂလာအုပ်စု၊
ရန်မျိုးလုံရပ်ကွက်၊သုခိတာလမ်းရှိ Ki Wi & I Co.Ltd Ooredoo
ကုမ္ပဏီ(မကွေးရုံးခွဲ)တွင် ၂၀၁၄ခုနှစ် ဇွန်(၂၅)ရက်နေ့မှစ၍
ကုမ္ပဏီ(မကွေးရုံးခွဲ)မန်နေဂျာအဖြစ်ခန့်အပ်ထားသူအား
မိမိကိုယ်ကိုယ်ကျိုးအတွက်အလွဲသုံးစားပြုခဲ့မှုနှင့်ပက်သက်၍
၂၀၁၆ခုနှစ်မတ်လ(၂၇)ရက်နေ့တွင်  ကုမ္ပဏီမန်နေဂျာ မှ တိုင်တန်းအမှုဖွင့်ခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် မကွေးမြို့၊ရန်မျိုးလုံရပ်ကွက်၊
သုခိတာလမ်းရှိ Ki Wi & I C0.Ltd Ooredoo ကုမ္ပဏီ (မကွေးရုံးခွဲ)တွင်
*ဦးကျော်မင်းမင်းဦး*၊အသက်(၃၇)နှစ်၊ရန်ကျော်ရပ်ကွက်၊ မကွေးမြို့နေသူအား
Ooredoo ဆင်းကဒ် နှင့် ငွေဖြည့်ကဒ်များကိုရောင်းချရန်
ကုမ္ပဏီမကွေးရုံးခွဲမန်နေဂျာအဖြစ်ခန့်အပ်ခဲ့ကြောင်း ပစ္စည်းများအား ရောင်းချပြီး
နေ့ ရုံးချိန်အတွင်း ငွေများကို
ကုမ္ပဏီသို့ပြန်လည်အပ်နှံရပ်မည်ဖြစ်ကြောင်းတာဝန်ပေးခဲ့ရာ ၂၀၁၆ခုနှစ်
ဇန်နဝါရီ(၄)ရက်နေ့ ည(၁၀)နာရီအချိန်တွင်  Ki Wi & I Co.Ltd  Ooredoo
ကုမ္ပဏီ(မကွေးရုံးခွဲ) စတိုခန်းမီးလောင်မှုဖြစ်ပွား၍ ဆင်းကဒ်နှင့်
ငွေဖြည့်ကဒ်တန်းဖိုး (၃၁၆၀၀၃၆၆၇)ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း
ဦးကျော်မင်းမင်းဦးမှ ပြောပြသိရှိခဲ့ကြောင်း အဆိုပါမီးလောင်ရာတွင် ပါသွားသည့်
ဆင်းကဒ်များနှင့် ငွေဖြည့်ကဒ်များနှင့် ပက်သက်၍ လက်ရှိ အသုံးပြုမှုရှိ /မရှိ
စစ်ဆေးပေးရန် Ooredoo Myanmar Company သို့တောင်းဆိုခဲ့ရာ Ooredoo Myanmar
Company ၏ တယ်လီဖုန်း ကွန်ယက်အသုံးပြုမှုစစ်ဆေးရေးဌာနမှ မီးလောင်ရာ
တွင်ပါသွားသော ဆင်းကဒ်နှင့် ငြွေုဖည့်ကဒ်စုစုပေါင်း(၂၀၅၇၇၅)ကဒ်၊
တန်ဖိုးငွေ(၂၈၂၃၁၇၀၀၀)အား အသုံးပြုထားကြောင်း
စစ်ဆေးပြန်ကြားလာခဲ့ခြင်းဖြစ်ကြောင်းတရားလို၏ တိုင်ကြားမှု အရသိရသည်။
ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ယုံကြည်စွာဖြင့် အပ်နှံထားသော
ဆင်းကဒ်နှင့်ငွေဖြည့်ကဒ်များအား မရိုးမဖြောင့်သောသဘောဖြင့်
မိမိကိုယ်ကျိုးအတွက်အလွဲသုံးစားပြုထားသူ *ကျော်မင်းမင်းဦး* အားအရေးယူပေးရန်
မတ်လ(၂၇)ရက်နေ့တွင် ဦးမြင့်နိုင်၊  Ki Wi & I Co.Ltd Ooredoo
ကုမ္ပဏီမန်နေဂျာမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊
မကွေးနယ်မြေရဲစခန်းမှ (ပ)၆၃/၂၀၁၆၊ပုဒ်မ ၄၀၈ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။

                                       kzy

0 comments:

Post a Comment