Wednesday, March 30, 2016

မင်းဘူးမြို့တွင် ကုန်တင်ကားအမိုးကိုင်းနှင့် လျှပ်စစ်မီးကြိုးပွတ်တိုက်မိ၍ မီးလောင်မှုဖြစ်ပွား




မင်းဘူး     မတ်     ၃၀
          မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊အမှတ်(၄)ရပ်ကွက်တွင် မတ်လ(၃၀)ရက်နေ့ ညနေ(၀၄း၂၀) နာရီအချိန်က ကုန်တင်ကားတစ်စီး ရပ်ကွက်အတွင်းသွယ် တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့် ပွတ်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

          ဖြစ်စဉ်မှာ မန္တလေးမြို့မှ စစ်တွေမြို့သို့ထွက်ခွာသည့် မင်းဘူးမြို့ အမှတ်(၄)နယ်မြေ ၊မကျီးချောင်းရပ်ကွက်နေ ယာဉ်မောင်း ကိုအောင်(ခ)ဖိုးအောင်(၃၇)နှစ်၊ (ဘ) ဦးမြင့်သန်း မောင်းနှင်းသော ယာဉ်အမှတ် (3B.6019)ကုန်တင်ယာဉ်သည် မတ်လ(၃၀)ရက်နေ့တွင် မင်းဘူးမြို့ ယာဉ်မောင်း နေအိမ်သို့ရောက်ရှိခဲ့သည်။ ယင်းနေ့ ညနေ(၄)နာရီတွင် မကျီးချောင်းရပ်ကွက် နေအိမ်မှ စစ်တွေမြို့သို့ဆက်လက်ထွက်ခွာရန် စတင်မောင်းနှင်းလာစဉ်  ရပ်ကွက် အတွင်းသွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးနှင့်ကားအမိုးကိုင်း ပွတ်တိုက်မိရာ ကားပေါ်ရှိ ကုန်ပစ္စည်းများပေါ်  မီးပွားများလွှင့်စင်ကာ ညနေ(၀၄း၂၀)နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ရာ ရပ်ကွက်အတွင်းရှိ နေအိမ်များ မီးကူး စက်လောင်မည်စိုး၍ မမင်းပူး ဘုရားဝန်း ရှေ့ သို့ အမြန်းမောင်းနှင်းခဲ့သည်။ အခင်းဖြစ်နေရာသို့ မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၄)စီး၊ရေသယ်ယာဉ်(၁)စီး၊မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦးဖြင့် ငြိမ်းသတ်ခဲ့ရာ ညနေ(၀၄း၃၀)နာရီတွင် မီးငြိမ်းသွားခဲ့သည်။
          အဆိုပါမီးလောင်မှုတွင် ပလပ်စတစ်ကြိုးခွေအိပ်(၈)အိပ်၊ဂဏန်းထည့် ဖော့ဖာများ၊ထော်လာဂျီယာဉ် (၁)စီး၊တရုတ်(125) ဆိုင်ကယ်(၄)စီး၊ကြက်ဥသေတ္တာ(၃၀)လုံး၊လက်ဘက်ရည်အချိုခြောက်အိပ်ကြီး(၃)အိပ်၊ စုစုပေါင်းတန်ဘိုး(၉)သိန်းကျပ်ခန့် မီး လောင်ဆုံးရှုံး၍ ယာဉ်မောင်း ကိုအောင်(ခ)ဖိုးအောင် အား အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
 တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment