Monday, March 28, 2016

ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မှု ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် ဆက်လက် မတက်ဘဲ သပိတ်မှောက်


ဧရာဝတီ၊ မတ် ၂၈ ၊ ၂၀၁၆
NLD ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို ၀န်ကြီးချုပ်အဖြစ် ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က ခန့်အပ်သဖြင့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံး လွှတ်တော်ဆက်လက် မတက်တော့ဘဲ လွှတ်တော်ခန်းမထဲမှ သပိတ်မှောက်ပြီး ပြန်လည် ထွက်ခွာသွားကြကြောင်း သတင်းရရှိသည်။ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေသော ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၂ဦးသာ လွှတ်တော်တွင် ဆက်လက်ကျန်ရှိခဲ့ပြီး လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment