Saturday, March 12, 2016

ပွင့်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ


ပွင့်ဖြူ         မတ်      ၁၀
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ(၉)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ပွင့်ဖြူမြို့နယ်တွင် စာစစ်ဌာန(၅)ခုခွဲ၍ ဖြေဆိုလျက်ရှိရာ အ.ထ.က-ပွင့်ဖြူတွင် ကျောင်းသား/ကျောင်းသူ(၆၄၁)ဦး၊အ.ထ.က-ကုန်းဇောင်းတွင်(၇၀၀)ဦး၊အ.ထ.က-ရှောက်တောတွင်(၃၈၉)ဦး၊ အ.ထ.က(ခွဲ)ကံသာကြီးတွင်(၂၃၆)ဦး၊အ.ထ.က-ကျောင်းတော်ရာတွင် (၂၉၇)ဦး ၀င်ရောက်ဖြေဆိုလျက်ရှိပြီး၊ တစ်မြို့နယ်လုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၂၂၆၃)ဦးရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)
သတင်းရိုက်ကူး/ရေးသားပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

0 comments:

Post a Comment