Tuesday, March 29, 2016

မင်းဘူးမြို့ ကုန်းသာကျေးရွာတွင် ခိုက်ရန်ဖြစ်ပွား


မင်းဘူး     မတ်     ၂၈
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်၊ကုန်းသာကျေးရွာတွင် မတ်လ(၂၇)ရက်နေ့က ကျေးရွာနေ ပြည်သူများနှင့် ဘုရားဖူးရန် ၀င်ရောက်ခေါ်ဆောင်သော အဖွဲ့နှင့် ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ မတ်လ(၂၇)ရက်၊ညနေ(၀၃း၃၀)နာရီအချိန်တွင် မင်းဘူး(စကု)မြို့နယ်၊ကုန်းသာကျေးရွာတွင် နေထိုင်လျက်ရှိသော ဦးဇော်မိုး(၅၁-နှစ်)(ဘ)ဦးညိုကြီး၊အစ္စလာမ်၊ဇနီးဖြစ်သူ ဒေါ်သိန်းစိုး(၄၈-နှစ်)(ဘ)ဦးစံမြင့် နေအိမ်သို့ ကျိုက်ထီးရိုးဘုရားဖူးသွားရန်အတွက် ယာဉ်မောင်း ကိုဖိုးချစ်၊(၃၀-နှစ်)(ဘ) ဦးတင်ဝင်း၊အမှတ်(၁) အောင်မြေရပ်၊မင်းဘူးမြို့နေသူမောင်းနှင်သော YGN 9H/9634  ကင်တာအဖြူရောင် ယာဉ်ဖြင့်  မင်းဘူးမြို့ အမှတ်(၁)အောင်မြေရပ်ကွက်နေ အပေါင်းပါ သူငယ်ချင်း ဘုရားဖူးအဖွဲ့ (မွတ်စလင်/အစ္စလာမ်)ဘာသာဝင် (၈)ဦးတို့ရောက်ရှိလာပြီး ဘုရားဖူးလိုက်ပါရန် ၀င်ရောက်ခေါ်ဆောင်ခဲ့သည်။ထိုသို့ဝင်ရောက်ခေါ်ဆောင်စဉ် ကုန်းသာကျေးရွာနေ ရွာသားများနှင့် အမျိုးသမီးများမှ ကုလားများ ရွာထဲသို့ မ၀င်ရန်အတွက် ၀ိုင်းဝန်အော်ဟစ် ကာ ခဲများဖြင့် ပစ်ပေါက်ခြင်း ဖြစ်ပွားသဖြင့် မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ အင်အား (၂၀)ဦးတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ထပ်မံဖြစ်ပွားမှု မဖြစ်ပေါ်ရေးနှင့် ကျေးရွာနေပြည်သူများ တည်ငြိမ် အေးချမ်းမှုရှိရေးတို့အတွက် မတ်လ(၂၈)ရက် နံနက်ပိုင်းမှစ၍ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲကင်းများချထား၍ လုံခြုံးရေး နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment