Thursday, March 17, 2016

သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ရေလှူဒါန်း

မြိုင်-မတ်-၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြေရင့်ကျေးရွာ၌ စက်ရေတွင်းသစ် တူးဖော်နေစဉ်
သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့်စက်ရေတွင်းတူးဖော်ရာတွင် ရေအသုံးပြုရန် ရေလိုအပ်ချက်ကို ပခုက္ကူခရိုင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  တိလောက ရေအလှူရှင်များ၊ ကမ္မစံပြ မေတ္တာလူငယ်ပရဟိတ
အသင်းနှင့် မြိုင်မြို့နယ် အလှူရှင် ဦးမြတ်နိုးသူနှင့်သူငယ်ချင်းတစ်စုတို့က မတ်(၁၄)ရက်နေ့တွင် ယင်းကျေးရွာ
အရောက် စုပေါင်း ရေလှူဒါန်းကြသဖြင့် စက်ရေတွင်းသစ်ကို အောင်မြင်အောင်ဆက်လက်တူးဖော်လျှက်ရှိကြောင်း
နှင့် ကျေးလက်နေပြည်သူများ ၀မ်းသာနေကြကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြောပြချက်အရ သိရသည်။

(အောင်ကျော်မြင့်)
      မြို့နယ်သတင်းထောက်
       မြိုင်မြို့

0 comments:

Post a Comment