Friday, March 25, 2016

ပေါက်မြို့နယ် ၌ ပိုင်ရှင်မဲ့သစ်ကားတစ်စီးဖမ်းဆီး

ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ်မှ  တရားမဝင်သစ်များတင်ဆောင်လာသော ကားတစ်စီးအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း နယ်မြေခံရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ ပေါက်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ် တောဦးစီးမှူး ဦးငြိမ်းချမ်းပါ အဖွဲ့များနှင့် ပေါက်မြို့နယ်၊ ဇီးပြားရဲကင်းစခန်းမှ ရဲတပ်ကြပ်စန်းမြင့်အောင်နှင့်အဖွဲ့တို့ ပါဝင် ပူးပေါင်းအဖွဲ့တို့သည် မတ်လ(၂၂)ရက်နေ့နေ့လည်(၂)နာရီမိနစ်(၂၀)အချိန်က သတင်းအရ ပေါက်မြို့နယ်နှင့် ထီးလင်းမြို့နယ်အစပ် မိုင်တိုင်အမှတ် (၆၈/၂)နှင့် (၆၈/၃)အကြား သက္ကယ်ကျင်း တံတားအနီး ကားလမ်းတွင် ယာဉ်အမှတ် အ/------(၆)ဘီးအပြာရောင် NISSAN DIESCL ယာဉ်တစ်စီး ရပ်တန့်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ မိုးကာဖုံးအုပ်ထားသော တရားမ၀င် ကျွန်းခွဲသား (၃၄)ချောင်း၊(၃.၃၄၈၄ တန်)၊ ပိတောက်ခွဲသား (၁၂၀)ချောင်း (၆.၇၁၂၆တန်)၊ စုစုပေါင်း (၁၀.၀၆၁ တန်)အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယင်းတရားမဝင် သစ်များသိမ်းဆည်းရမိခဲ့မှုနှင့်ပက်သက်၍ သစ်ပိုင်ရှင်အားစုံစမ်းဖော်ထုတ်အရေးယူပေးရန် မတ်လ(၂၃)ရက်နေ့တွင်  ဦးငြိမ်းချမ်းမှ တရားလိုပြုတိုင်ကြားခဲ့သဖြင့် ပေါက်မြို့နယ်၊ မြို့မရဲစခန်းမှ  (ပ)၁၁/၂၀၁၆၊ ပပက ၆(၁) ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။ နေဇော်

0 comments:

Post a Comment