Thursday, March 17, 2016

ကျေးရွာစာကြည့်တိုက်မှူးများအား စာအုပ်ထိန်းသိမ်းနည်း သင်တန်း ဖွင့်လှစ်


မင်းဘူး        မတ်       ၁၇
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပညာရေးအဖွဲ့အစည်းများ၏ ခွင့်ပြု ပူးပေါင်းကူညီိမှုဖြင့် Save the Children (မကွေးမြို့နယ် စီမံချက်ရုံး)အဖွဲ့နှင့် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပညာရေးလုပ်ငန်းများနှင့် ကျောင်းနေအရွယ်ကလေးငယ်များ စာဖတ်ခြင်း ကိုအားပေးရန် အတွက် စာကြည့်တိုက် ထောက်ပံ့ရေးလုပ်ငန်းများ ကူညီပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ကျေးရွာစာကြည့်တိုက်မှူးများအား စာအုပ်ထိန်းသိမ်းနည်းနှင့် ကျေးလက်နေပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကို မင်းဘူးမြို့နယ် ကုန်းသာကျေးရွာ အ.လ.က(ခွဲ)ကျောင်း ခန်းမတွင် မတ်လ (၁၇)ရက်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် မင်းဘူးမြို့နယ် ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ဒေါ်ခင်ဝါ၀ါလှိုင်၊စာကြည့်တိုက် မှူး ဒေါ်မြတ်မြတ်မော်၊ Save the Children (မကွေးမြို့နယ် စီမံချက်ရုံး)မှ SPO စီနီယာ စီမံကိန်းအရာရှိ ဦးသန်းထွဋ်၊နှင့် P.A စီမံကိန်း လက်ထောက်အရာရှိ ဒေါ်ဇင်မာလွင်တို့မှ စာကြည့်တိုက်ပညာရပ်များနှင့်ပတ် သက်သည့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲခြင်း၊စာအုပ်များထိန်းသိမ်းနည်းများ၊စာအုပ်ငှားရမ်းခြင်းလုပ်ငန်း၊ စာအုပ်များတွင် ကုတ်စနစ်ပြုလုပ်ခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများကို မတ်လ(၁၇)ရက်နေ့မှ (၁၈)ရက်နေ့ ထိ (၂)ရက်ကြား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ မင်းဘူးမြို့နယ်အတွင်းရှိ ချောင်းကောက်၊ရွာသာယာ၊ ကုန်းသာ၊တောင်မန်း၊ ကံကုလား၊ ကျောက်စံ၊ ကျောက်စစ်ပုံ၊ လက်ခုပ်ပင်၊ တောကျောင်းကုန်း၊ ကျွဲတဲနှင့် သီရိ မင်္ဂလာရပ်ကွက်များမှ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်ကော်မတီဝင် (၃၃)ဦး တက်ရောက်သင်ကြား လျက်ရှိကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment