Saturday, March 19, 2016

မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ


မကွေး     မတ်     ၁၈
မကွေးမြို့နယ် ကန်သာကြီးကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတွင် မီးဘေးသင့်ပြည်သူ (၇၄၂)ဦးတို့အတွက် အလှူငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးဘေးကယ်ဆယ်ရေး စခန်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၄၆၅၅၉၂၆/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးကို အိမ်ထောင်စု(၂၁၁)စုအတွက် လည်းကောင်း၊ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်(၁၈၂)လုံး ဆောက်လုပ်ရန် ငွေကျပ်(၅၄၆)သိန်းနှင့် မီးဘေးသင့်ပြည်သူ(၇၄၂)ဦးတို့အတွက် ဆန်(၅)ရက်စာ ကျသင့်ငွေ (၁၁၂၃၂၀၀/-)တို့အား တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိုးက ထောက်ပံ့ပေးအပ်ခဲ့ရာ မီိးဘေးသင့် ပြည်သူများက အိမ်ထောင်စုအလိုက် လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment