Saturday, March 12, 2016

မျိုးစေ့မူဝါဒ၊ ဥပဒေ နှင့် နည်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လိုသူများ လျှောက်ထားနိုင်

မျိုးစေ့မူဝါဒ၊ ဥပဒေ နှင့် နည်း ဥပဒေဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်လိုသူများ လျှောက်ထားနိုင်

မျိုးစေ့မူဝါဒ၊ ဥပဒေ နှင့် နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ - ဗီယင်ကျင်းမြို့၊ လာအိုနိုင်ငံ SEARICE နှင့်
Oxfam တို့မှပူးပေါင်း၍ ဒေသလုံးဆိုင်ရာ မျိုးစေ့ မူဝါဒ၊ ဥပဒေ နှင့် နည်းဥပဒေ များ ဆွေးနွေးပွဲကို ဗီယင်ကျင်းမြို့၊ လာအိုနိုင်ငံတွင် ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်တစ်ဦး၊ အငြိမ်းစာစိုက်ပျိုးရေးပညာရှင်တစ်ဦး၊ မေတ္တာ ဖွံ့ဖြိုးရေးဖောင်ဒေရှင်းမှ အကြီးတန်း အရာရှိတစ်ဦး နှင့် စားနပ် ရိက္ခာဖူလုံမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့မှ အဖွဲ့ဝင် ကိုယ်စာလှယ်တစ်ဦးတို့ တက်ရောက်ရမည်ဖြစ်ပါသည်။ 
သို့ဖြစ်ပါ၍ထိုဆွေးနွေးပွဲသို့တက်ရောက်ရန်စိတ်ပါဝင်စားသောစားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏
အဖွဲ့ဝင်များသည် ညှိနှိုင်းရေးမှူး၊ အီးမေးလ် (fswg.coordinator@gmail.com) ထံသို့ ၁၆.၃.၂၀၁၆ ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်လွှာများ ပေးပို့ လျောက်ထားနိုင်ပြီး အောက်ဖော်ပြပါ အရည်အချင်း
များနှင့်ချိန်ထိုးစဉ်းစားရွေးချယ်လျက်၁၇.၃.၂၀၁၆ရက်နေ့တွင် ပြန်လည်အကြောင်းကြားပေးမည် ဖြစ်ပါသည်။

လျောက်ထားသူသည် အောက်ပါ အရည်အချင်းများနှင့်ပြည့်စုံရပါမည်။
အရည်အချင်း သတ်မှတ်ချက်များ
စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရမည်။
မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှဆိုင်ရာ မျိုးစေ့မူဝါဒ နှင့် ဥပဒေများ၊ လက်ရှိ ရင်ဆိုင်
တွေ့ကြုံနေရသော ကိစ္စရပ်များနှင့် ပတ်သက်၍ ကောင်းမွန်စွာ နားလည်ဆွေးနွေးနိုင်ရမည်။
စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်အဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်သောသူ ဖြစ်ရမည်။
အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ နားလည်၊ ပြောဆို ဆွေးနွေး ရေးသားနိုင်ရမည်။
တရားဝင်နိုင်ငံကူးလက်မှတ်ရှိရမည်။ (အနည်းဆုံး ၆လ အထက်သက်တမ်းကျန်ရှိရမည်)
လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ သွားရောက်ရန် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
ဆွေးနွေးပွဲတက်ရောက်ပြီးလျှင် ရရှိလာသော အတွေ့အကြုံများကို စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်း
ဆောင်ရွက်ရေး အဖွဲ့၏ အဖွဲ့ဝင်များထံသို့ အစီရင်ခံစာ ရေးသားပေးပို့ မျှဝေပေးနိုင်ရမည်။

အ​သေးစိတ်​ သိရှိလိုပါက ၀၉၂၅၆၃၁၂၇၁၅ MSIG သို့ ဆက်​သွယ်​စုံစမ်းနိုင်​ပါသည်​။

လျှောက်ထားလိုသူများသည်

၁၆.၃.၂၀၁၆ ရက်နေ့ မြန်မာ စံတော်ချိန် ညနေ ၅ နာရီ နောက်ဆုံးထား၍
ပေးပို့လျှောက်ထားနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆွေးနွေးပွဲခေါင်းစဉ်။ ။ မျိုးစေ့မူဝါဒ၊ ဥပဒေ နှင့် နည်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲ
  နေ့ရက်။ ။ ၂၀၁၆ခုနှစ်၊ မတ်လ ၃၀-၃၁ရက်
  နေရာ။ ။ ဗီယင်ကျင်းမြို့၊ လာအိုနိုင်ငံ (အသေးစိတ်နေရာ အတိအကျကို ထပ်မံ အတည်ပြု                    အကြောင်းကြားပါမည်)

ဦး​လေးဂျမ်း

0 comments:

Post a Comment