Saturday, March 12, 2016

၂၀၁၆/တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများ အေးချမ်းစွာ ဖြေဆို

------------- ------------ -------------- -------------
မြို့သစ် မတ်လ ၉
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်
တွင် စာစစ်ဌာန(၃)နေရာဖြစ်သည့် အထက
မြို့ သစ် ၊ အထက(ခွဲ)ကွက်သစ် ၊ အထက
ဝါးကြီးအိုင် တို့တွင် ကျောင်းသား/ကျောင်းသူ
များစိတ်အေးချမ်းသာစွာ ဖြေဆိုလျှက်ရှိကြောင်း
သိရသည် ။
ထိုသို့ဖြေဆိုရာတွင်မြို့ပေါ်ဌာနဆိုင်ရာ
များမှတာဝန်ရှိသူ များက စာမေးပွဲဖြေဆိုမည့်
ကျောင်းသား/ကျောင်းသူ များအခက်အခဲမရှိ
စိတ်အေးချမ်းသာစွာ ဖြင့် တက္ကသိုလ်ဝင်
စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက်မြို့နယ်အုပ်ချုပ်
ရေးမှူး နှင့်မြို့နယ်ပညာရေးမှူးတ်ို့မှအနီးကပ်
ကြီးကြပ်မှုဖြင့်ဆောင်ရွက်ခဲ့သည်။
စာစစ်ဌာနများရှိဖြေဆိုသူစုစုပေါင်း
အတွင်းဖြေ(၁၁၈၅)ရာခိုင်နှုန်းအားဖြင့်(၉၈.၈၃% အပြင်ဖြေ (၈၁၁)ရာခိုင်နှုန်းအားဖြင့်
၉၂.၅၈%စုစုပေါင်း (၁၉၉၆)ဦး ရာခိုင်နှုန်း
အားဖြင့် ၉၆.၁၉ %ေ့ဖြဆိုခဲ့ကြောင်းသိရသည်။ သန်းဝင်းထွန်း( မြို့သစ်)

0 comments:

Post a Comment