Monday, February 29, 2016

မြိုင် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ


မြိုင်-ဖေဖော်ဝါရီ-၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် ၂၀၁၅-ခုနှစ် နိုင်ဝင်ဘာ(၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် မြို့နယ်/
ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါချီးမြှင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပခုက္ကူခရိုင် ကော်မရှင်အဖွဲ့ဝင်တို့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား
လည်းကောင်း ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့်အတွင်းရေးမှူး ဦးမျိုးမင်းသိန်းတို့က ရပ်ကွက်/ကျေးရွာအုပ်စု ၊ ကော်မရှင်အဖွဲ့ဝင်များအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ကြသည်။ဂုဏ်ပြုချီးမြှင့်ငွေမှာ တစ်ဦးလျှင် ငွေကျပ် တစ်သောင်းငါးထောင် ချီးမြှင့်ကြောင်းသိရသည်။

(အောင်ကျော်မြင့်)
        မြို့နယ်သတင်းထောက်
        မြိုင်မြို့

0 comments:

Post a Comment