Tuesday, May 19, 2015

မကွေးမြို့ပေါ်တွင် နှစ်လုံးထီလောင်းကစားပြုလုပ်သူကို အရေးယူ

၂၀၁၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက် (၁၁း၄၀)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းနေစဉ် မကွေးမြို့၊ မြို့ဟောင်း အမှတ်(၂)ရပ်ကွက်၊ စိန်ပန်းပင်လမ်းပေါ်တွင် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိသဖြင့် သက်သေများနှင့်အတူ စစ်မေးရာ ၄င်းမှာ မြို့ဟောင်းရပ်ကွက်နေသူ အောင်ထွန်းမင်း (၄၀)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်း၏ ခါးကြားတွင်ထိုးထားသည့် GIORDANO တံဆိပ်ပါ ပိုက်ဆံအိတ် အတွင်းမှ နှစ်လုံး ထီလောင်းကစားရာတွင် အသုံးပြုသောစာရွက် စာတမ်းများနှင့် လောင်းကြေးငွေ စက္ကူရောရာ (၁၉၈၀၀ိ/-) တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမ၀င် နှစ်လုံးထီ လောင်းကစားပြု လုပ်သူ အောင်ထွန်းမင်း အား မကွေးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၈၁/၂၀၁၅၊ လောင်းကစားဥပဒပုဒ်မ ၁၅(က)/၁၆(က) အရ အမှုရေးဖွင့် ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိ ပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment