Tuesday, May 19, 2015

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများဧ။် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်လှစ်




မကွေး      မေ   ၁၈
    မကွေးမြို့နယ်အတွင်းရှိ ရပ်ကွပ်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေး သင်တန်းကို ယနေ့နံနက် (၀၈း၀၀) နာရီ အချိန်က မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
    အခမ်းအနားတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှုး ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစောထွန်းဦးကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးက သင်တန်းစည်းကမ်းချက်များ ကိုရှင်းလင်းပြောကြားပါသည်။
    အဆိုပါသင်တန်းကို ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး သင်တန်းသား/သူ (၄၈)ဦးတို့အား ဌာနဆိုင်ရာများမှ သင်တန်းပို့ချမည်ဖြစ်၍ သင်တန်းကာလမှာ ရက်သတ္တပတ်(၂)ပတ် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
       ပေးပို့သူ-     ညီညီမောင်(မကွေး)

0 comments:

Post a Comment