Tuesday, May 19, 2015

ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေးသင်တန်းဖွင့်




ရေနံချောင်း       မေ ၁၉
                   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မေ ၁၆ ရက် နံနက် ၉း ၃၀အချိန်ခန့်က ၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအသိပညာပေးသင်တန်း ဖွင့်ပွဲအခန်းအနား ကျင်းပပြုလုပ်ကြောင်းသိရသည်။

                   အခန်းအနားတွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ခိုင်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမြင့်ခိုင်မှ ရွေးကောက်ပွဲဆိုင်ရာ သိသင့်သည်အကြောင်းအရာများကို ပြောကြားခဲ့သည်။

                   ရဲမှူးအောင်ခိုင်မှ အထွေထွေရွေးကောက်ပွဲကို အေးချမ်းတည်ငြိမ်စွာနှင့်တရားမျှတလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက်၊ လုံခြုံမှုဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်ဖြေရှင်းရာမှာ ဥပဒေ၊ လုပ်ထုံ၊ လုပ်နည်း စနစ်အကျရှိမှု တိကျသည့် ညွှန်ကြားချက်ရှိမှု ရဲတပ်ဖွဲ့၏စည်းကမ်းသေ၀ပ်မှု စိတ်ဓါတ်ကောင်းမွန်မှု သစ္စာစောင့်သိမှု စည်းလုံးညီညွတ်မှု၊ စွမ်းရည်ပြည့်ဝမှု၊ အမိန့်နာခံတတ်မှု၊ စသည့် အစဉ်အလာကောင်းတွေနဲပှုးပေါင်ပြီး ၂၀၁၅ ရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်စေရန် ၀ိုင်ဝန်းကူညီဆောင်ရွက် ကြဖို့ပြောကြားကြောင်းသိရှိရသည်။

                   ယင်းအခန်းအနားသို့ ရေနံချောင်းမြို့နယ်ဖွံ့ ရေးအထောက်အကူပြု ဥက္ကဌ ဦးသန်းမြင့် မြို့နယ်စည် အမှုဆောင်အရာရှိ ဦးမြလင်းတက်ရောက်ခဲ့ပြီး သင်တန်းသားများအဖြစ် ရဲတပ်ဖွဲ့မှ အရာရှိ ၁၈ ဦး အခြားအဆင့် ၅၇ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို ၁၆ရက်မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
                                                                                                သိန်းဇော်

0 comments:

Post a Comment