Sunday, May 3, 2015

မကွေးမြို့တွင် တက္ကသိုလ်ဝင်တန်းတက်မည့်ကျောင်းသား ကျောင်းသူများကိုနွေရာသီမှစတင်ပြီးပရဟိတကျောင်းဖွင့်၍ ပညာဒါနပြုပေးလျှက်ရှိ

   မကွေး  မေ  
  မကွေးတိုင်းဒေသကြီး မကွေးမြို့ အလယ်ရပ် လေးထပ်ကျောင်းဝန်းအတွင်း၌ ဦးစီးပဓာန နာယကဆရာတော်ဦးဇဝနနှင့်ဆရာတော်
ဦးကုဏ္ဍလတို့ဦးစီး၍ဆေးတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊ကျန်းမာရေးတက္ကသိုလ်နှင့်ဘာသာရပ်ပေါင်းစုံ
တက္ကသိုလ်များမှဆရာ၊ဆ
ရာမများဖြင့်၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်တန်းတက်ရောက်မည့်ကျောင်းသား ကျောင်းသူ(၈၀)ဦးတို့ကိုနွေရာသီမှ
စတင်၍ပညာဒါနပြုပေးလျှက်ရှိကြောင်းသိရှိရသည်။

  အဆိုပါ တက္ကသိုလ်ဝင်တန်းတက်ရောက်မည့်ကျောင်းသား ကျောင်းသူများကိုဧပြီးလမှစတင်၍အရည်အချင်းစစ်
စာမေးပွဲဖြေဆိုစေ
ပြီးအရည်အချင်းစစ်စာမေးပွဲအောင်သည့်ကျောင်းသား ကျောင်းသူ(၈၀)ဦးတို့၏မိဘများဖြင့်ဧပြီလ ၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်၌
ဆရာများ အစည်းအဝေးပြုလုပ်တိုင်ပင်ဆွေးနွေးခြင်း ကျောင်းသား ကျောင်းသူမိဘများလိုက်နာရမည့်စည်းကမ်း
များနှင့်ကျောင်းသား
ကျောင်းသူများလိုက်နာရမည့်စည်းကမ်းများကိုဆရာတော်ဦးဇဝန၊ဦးကုဏ္ဍလ(ခ)ဦးဇင်းကျော်နှင့်
ဆရာယဉ်မင်းထိုက်၊ဆရာဆရာမျိုး
မင်းသိန်း ဆရာဟိန်းထက်အောင်(ဆေးကျောင်း,တတိယနှစ်)တို့ကရှင်းလင်းပြောပြခဲ့သည်။

 "ဦးဇင်းတို့ပညာဒါနပရဟိတကို ၁၉၉၉ခုနှစ်ဧပြီလက စတင်ဖွင့်လှစ်ခဲ့တယ်။ယခုနှစ်နဲ့ဆို ခုနှစ်နှစ်ရှိပြီ။ ယခင်နှစ်တွေက ၉တန်း ၁၀
တန်းပါသင်ပေးခဲ့တယ်။အခုနှစ်မှာတော့ ဆယ်တန်းတစ်တန်းတည်းသာသင်ကြားပေးတယ်။အဓိက ကတော့ဆင်းရဲချို့တဲ့ပြီးပညာရေး
စရိတ်မတတ်နိုင်တဲ့မိဘတွေရဲ့သားသမီးတွေဦးစားပေးပြီးပညာတော်တဲ့ကလေးတွေပညာရေးလမ်းခု
လတ်မှာမပြတ်စေချင်ဘူး။အဲဒီ
ရည်ရွယ်ချက်နဲ့စတင်ခဲ့တာဖြစ်တယ်။ဦးဇင်းတို့ဆားစည်ပရဟိတပညာသင်ကျောင်းကနေအောင်မြင်ကြ
တဲ့ကျောင်းသားကျောင်းသူ
တော်တော်များများတက္ကသိုလ်ပေါင်းစုံတက်ရောက်အောင်မြင်င်္ပြီးအလုပ်ရသွားတာတွေလည်းရှိတယ်
။ဆေးတက္ကသိုလ်တစ်ခုပဲမရောက်
ကြသေးဘူး။ဦးဇင်းတို့ပညာပရဟိတရောက်လာတဲ့ကလေးတွေကိုပညာရေးတစ်ခုတည်းသင်ပေးတာ
မဟုတ်တဲ့အပြင်သားသမီးလို
ကျန်းမာရေး နေရေး စားရေးကအစ အစစ အရာရာစီစဉ်ပေးတယ်။မြို့ပေါ်ကတက်တဲ့ကလေးတွေမိဘများနေ့စဉ်ထမင်းတော့ပို့ပေးရပြီး
နယ်ဝေးကတက်တဲ့ကလေးတွေကတော့စားစရိတ်အသက်သာဆုံးဖြစ်အောင်ချက်ကျွေးတဲ့သူနဲ့
တိုင်ပင်ဆောင်ရွက်ပေးထားတယ်။ဦး
ဇင်းတို့ဆားစည်ပရဟိတက ပညာရေးထောက်ပံစရိတ်နဲ့ပတ်သက်ပြီးဘယ်နယ်မှထွက်ပြီးအလှူမခံဘူး။တစ်ဦးတည်းဒါယကာပေါ်လို့ဦး
ဇင်းတို့ထံလာရောက်လှူတာတော့ရှိတယ်။တက္ကသိုလ်ပေါင်းစုံက ဆရာ ဆရာမတွေပညာဒါနအဖြစ်နေ့စဉ်လာသင်ပေးသလိုဆရာဝန်ပါ
တယ်။အင်ဂျင်နီယာကျောင်းသားနဲ့ကျန်းမားရေးတက္ကသိုလ်ကကျောင်းသားတွေလည်းလာသင်ပေးတယ်။
အရည်အချင်းစာမေးပွဲဖြေဆိုကျောင်းသား ကျောင်းသူ ၁၂၈ ယောက်ဖြေဆိုတဲ့ထဲက ကျောင်းသား ကျောင်းသူ ၈၀ကိုစစ်ထုတ်ပြီးပညာဒါနပြုပေးပါတယ်"ဟု
နာယက ဆရာတော်ကမိန့်ကြားသည်။

 နွေရာသီမှစတင်ကာပညာဒါနပြု၍တက္ကသိုလ်ဝင်တန်းတက်မည့်ကျောင်းသား ကျောင်းသူများအားပညာ
သင်ကြားပေးသဖြင့်ပညာ
ရေးစရိတ်မတတ်နိုင်သည့်မိဘများသားသမီးများအတွက်စိတ်အေးရကြောင်း အခြားဘော်ဒါဆောင်နှင့်ကိုယ်ပိုင်ကျောင်းများတွင်နှစ်
ပတ်လည်ပညာသင်စရိတ်(၆)သိန်းမှ(၁၀)သိန်းကျပ်အထိကုန်ကျသဖြင့်လက်လုပ် လက်စားအဖို့မတတ်နိုင်ကြောင်း ပညာဒါနပြုပေး
သည့် ပရဟိတကျောင်းရှိခြင်းကြောင့်သာ ကလေးဆယ်တန်းအောင်မြင်သည်အထိထားနိုင်ခြင်းဖြစ်ကြောင်းကျောင်းသားမိဘတစ်ဦးက
ပြောပြ၍ သိရှိရပါသည်။
ဇွဲထက်ရှင်

0 comments:

Post a Comment