Friday, April 3, 2015

ထီးလင်းမြို့နယ်၊ နွယ်မျှင်ရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာ ရေအိုင်အတွင်း လူတစ်ဦးသေဆုံးနေ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ည (၉)နာရီ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်း မြို့နယ်၊ ဆေးမင်းတောနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နွယ်မျှင်ရွာ အရှေ့ဘက် (၂)ဖာလုံခန့် အကွာ ရှိ ရေအိုင်အတွင်း လူတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း၊ 
 
စစ်ဆေးချက်အရ သေဆုံးသူမှာ ထီးလင်းမြို့နယ်၊ ကျောက်စာရေး ကျေးရွာနေသူ ဦးခွာဖေး (၆၂)နှစ် ဖြစ်ကြောင်း သိရှိရပြီး ၄င်းသည် နွယ်မျှင်ရွာရှိ ဦးစန်းရီ နေအိမ်သို့ အလည်အပတ် လာရောက်ကာ အသိမိတ်ဆွေများ အိမ်တွင် ထန်းရည်သောက်၍ ညနေ (၄)နာရီခွဲ အချိန်ခန့်တွင် ကျောက်စာရေးရွာသို့ အပြန်လမ်းဘေးရှိ အကျယ် ၁၈ ပေခန့်၊ ရေအနက် ၄ ပေခန့်ရှိ ရေအိုင်အတွင်း ကျပြီး ပြင်ပဒဏ်ရာ တစ်စုံ တစ်ရာ မတွေ့ရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ၄င်းသေဆုံးခြင်းမှာ ဓမ္မတာအတိုင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ထီးလင်းမြို့နယ်၊ ဆေးမင်းတောနယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၅ အရ ရေးဖွင့်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment