Sunday, April 5, 2015

ကံမမြို့နယ်၌ စာကြည့်တိုက်ဝန်ဆောင်မှုမြင့်တင်ရေး ဆွေးနွေး



   ကံမ  ဧပြီ  ၅
        သရက်ခရိုင်၊ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးပြုလုပ်
သည့် စာကြည့်တိုက်ဝန်ဆောင်မှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကို  အ.ထ.က(ကံမ)၌  ဧပြီ ၁ ရက်က စတင်ကျင်းပသည်။    ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးထွန်း က  အမှာစကားပြောကြား ပြီးနောက်ခရိုင်ဦးစီးမှူးဒေါ်မြင့်မြင့်ဆွေက ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းးပြောကြားပြီး တက်ရောက်လာကြသော စာကြည့်တိုက်မှူးများ၊  စာကြည့်တိုက်ကော်မတီဝင်များ နှင့်  စာပေ၀ါသနာရှင်များ အဖွဲ့(၃)ဖွဲ့ ခွဲ၍စာကြည့်တိုက်လုပ်ငန်းများ၏   အားနည်းချက် အားသာချက်များ နှင့်   ရှေ့လုပ်ငန်းစဉ်များကို ၀ိုင်းဝန်းဆွေးနွေးကြသည်။အဆိုပါဆွေးနွေးပွဲကို ၂ ရက်ကြာကျင်းပခဲ့ပြီး ကံမမြို့နယ်၊အလယ်ချောင်းကျေးရွာ တွင်လည်း ဧပြီလ ၅  ရက်နေ့တွင် အလားတူဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
 ကျော်ဇေယျဝင်း(iprd)

0 comments:

Post a Comment