Friday, April 10, 2015

ဒေါင့်သန်းရောဂါ... ကဇွန်းမရွာတွင် သေဆုံးသောနွားအား သားဖြတ်ကိုင်တွယ်စားသောက်ရာမှ တစ်ကိုယ်လုံးယောင်ရမ်းလာ အသက်အန္တရာယ်ရှိလာ

ဒေါင့်သန်းရောဂါ...
ကဇွန်းမရွာတွင် သေဆုံးသောနွားအား သားဖြတ်ကိုင်တွယ်စားသောက်ရာမှ တစ်ကိုယ်လုံးယောင်ရမ်းလာ အသက်အန္တရာယ်ရှိလာ
==============================================================
ဖြစ်စဉ်ကတော့ မကွေးတိုင်းထဲက ကဇွန်းမတိုက်နယ်မှာပါ။ အလိုအလျောက်သေဆုံးသွားသော နွားအား လူ ၆ ယောက်မှ
ဝိုင်းဝန်း သားဖြတ်ကြပါတယ်။ မကြာမီရက်ပိုင်းအတွင်းမှာပဲ အဆိုပါ ခြောက်ယောက်လုံး ယောင်ရမ်းလာကာ အနာတွေပေါက်လာပါတယ်။နောက်ဆုံး မနေနိုင်တော့သည့်အတွက် ဆေးရုံသို့ပို့ကြပါတယ်။ ၆ ယောက်ထဲမှာတစ်ယောက်ကတော့ သေဆုံးသွားပါပြီ။အခြားတစ်ယောက်မှာ မျက်နှာတစ်ခုလုံးယောင်ရမ်းနေတာကြော့င့်မျက်စိ ပင် ပိတ်နေပါတယ် တစ်ယောက်ကလည်း ကြောင်သလိုလိုဖြစ်နေပါတယ်။ဆေးရုံသို့ မြတ်စေတနာလူမှုကူညီရေးကားနဲ့ ပို့ဆောင်ရာမှာလည်း ရုန်းကန်နေတဲ့အတွက် ကြိုးနဲ့တုတ်ခေါ်ရပါတယ်။
တစ်ရွာလုံးရှိ နွားများကို ကာကွယ်ဆေးထိုးထားရပြီး ရွာသူရွာသားများကိုလည်း တိုက်နယ်ဆရာဝန်အကူအညီနဲ့ ကာကွယ်ဆေးအချို့ တိုက်ထားပါတယ်။

တိုင်းဆေးတာဝန်ရှိသူတွေလည်း လာေ၇ာက်စစ်ဆေး ဟောပြောခဲ့ပါတယ်။သည်ဖြစ်စဉ်ကြောင့် တချို့က နွားဖြတ်ခဲ့တဲ့ လက်ပန်ပင်အောက်ကို ပယောဂဆရာတွေနဲ့ သွားကြပါတယ်။ဒါပေမယ့် ဒါဟာ Anthrax လို့ခေါ်တဲ့ နွားကနေ လူကိုကူးစက်တဲ့ ရောဂါလို့ ဆရာဝန်တွေက ပြောပါတယ်။ မြန်မာလို ခေါ်ရင်တော့ ဒေါင့်သန်းရောဂါပါ။ အဆိုပါ ရောဂါပိုးဟာ သာမာန်ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိပြီး Spore Form အနေဖြင့် မြေကြီးထဲမှာ နှစ်ပေါင်းခြောက်ဆယ်တောင်နေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ရောဂါနဲ့ သေတဲ့ အသားတွေကို မစားသုံးမိဖို့သတိမူကြပါ။
Photo. သာသနာ့ဝိပုလကျောင်းတိုက်ဆရာတော် ဦးသူရိယ ကဇွန်းမတိုက်နယ်
Ref. Lwin Oo
8 hrs ·

0 comments:

Post a Comment