Friday, April 3, 2015

မင်းလှမြို့နယ်တွင် တရားမဝင်သစ်များသယ်ဆောင်သူအား အမှုဖွင့်အရေးယူ

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ညနေ (၅) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ မြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှူးမှ တပ်ဖွဲ့ဝင်များသည် တရားမဝင်သစ်များသယ်ဆောင်လာ ကြောင်း သတင်းအရမင်းလှမြို့နယ်သစ်တောဦးစီးမှူးနှင့်အဖွဲ့၊ ရေနံမကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူမိုင်တိုင် အမှတ် (၁၀/၃) အနီး၊ ကန်တုတ်-စစ္စနို့ကားလမ်းမပေါ်တွင် ငဖဲမြို့နယ်ဘက်မှ ပုသိမ်-မုံရွာ ကားလမ်း အတိုင်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အူတာရပ်ကွက်နေ ဇော်မင်းထွန်း (၂၁)နှစ်မောင်းနှင် လာသော ယာဉ်အမှတ် ဈ/xxxx ၊ ဟီးနိုးအပြာရောင် ခြောက်ဘီးယာဉ်အား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။ 
ယာဉ်ပေါ်တွင် တရားမဝင် အင်သား/ရုံးသား/ထောက်ကြံ့သား သစ်စကွဲယားတုံး ဆိုဒ်စုံ ၂၉ တုံး (၄.၆၆)တန် (တန်ဖိုး ၉၃၂ဝဝဝိ/-)အား တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တရားမဝင် သစ်များသယ်ဆောင်သူ ဇော်မင်းထွန်းအား မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်း (ပ)၂၈/၂ဝ၁၅ ၊ ပြည်သူ ပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆ (၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ကြောင်း သတင်းရရှိသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment