Friday, April 3, 2015

ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေ ဆက်မရပ်တည်နိုင်ကြတော့လို့ တစ်ဆိုင်ပြီး တစ်ဆိုင် ပိတ်သိမ်းကုန်ကြပြီ။

ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေ ဆက်မရပ်တည်နိုင်ကြတော့လို့ တစ်ဆိုင်ပြီး တစ်ဆိုင် ပိတ်သိမ်းကုန်ကြပြီ။
အင်းဝလည်းပိတ်မယ်လို့ ကြားနေရတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။
မူပိုင်ရှင်တွေရဲ့ ခွင့်ပြုချက်မရပဲ ကိုယ့်သဘောနဲ့ကို PDFလုပ်နေကြသူတွေ အရှည်ကိုမျှော်မြင်ပြီး တွေးပေးကြပါ။
စာအုပ်ဆိုင်များဟာ တစ်ထောင်ကို နှစ်ရာ့ငါးဆယ်ကျပ်နှင့် သုံးရာကျပ်ဝန်းကျင် အမြတ်ယူပါတယ်။ သို့သော်လည်း အခန်းခ ဝန်ထမ်းခ စရိတ်ခတွေနှုတ်လိုက်လျှင် အရှုံးပေါ်တဲ့လက များတယ်လို့ ကြားသိရပါတယ်။
အဓိကကတော့ အခန်းခကြီးမြင့်မှုပါပဲ။
ဒီကြားထဲက မူပိုင်ခွင့်မရှိပဲ ကိုယ့်သဘောနဲ့ကို PDFတွေလုပ်နေကြတော့ စာအုပ်ရောင်းအားကျပြီး ပိုအထိနာကုန်တော့တာပါပဲ။
စာရေးဆရာတွေဆိုရင်လည်း စာအုပ်တိုက်များက ဆယ်ရာခိုင်နှုန်းဝန်းကျင်သာ ပေးတယ်လို့ သိရပါတယ်။ အုပ်တစ်ထောင်တောင် နှစ်နဲ့ချီရောင်းနေရတော့ စာရေးဆရာတွေရဲ့ ဘဝရပ်တည်ရေးဟာလည်း မလွယ်လှပါဘူး။

0 comments:

Post a Comment