Friday, April 3, 2015

စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းမြှင့်တင်ရေး ဂန့်ဂေါတွင်အလုပ်ရုံဆွေးနွေး




ဂန့်ဂေါ ဧပြီ ၂
    မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ စာကြည့် တိုက်ဝန်ဆောင်မှုလုပ်ငန်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီ ၂ ရက်နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး  ဒေါ်သိဂီ င်္ကစာကြည့်တိုက်အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းသည်။

    ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးသောင်းမြို့ တို့နှင့် တာဝန်ရှိသူများသည် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြ သည်။

       အဆိုပါဆွေးနွေးပွဲသို့မြို့ပေါ်နှင့်ဝန်းကျင်ရှိကျေးရွာများ၊မင်းရွာနယ်မြေရှိ ကျေးရွာများမှစာကြည့်တိုက်
 ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးများ ၅၀ ဦးတို့တက်ရောက်ကြ၍ ဆွေးနွေးပွဲကာလမှာ ၂ ရက်ဖြစ်ကြောင်း သိရသည်။ မကွေးသတင်းစုံ

0 comments:

Post a Comment