Wednesday, April 8, 2015

မီးဘေးသင့်အိမ်ထောင်စုဝင်များအားနိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်


ချောက် ဧပြီ  ၆  ရက်
မကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ် ၊ထိန်ကန်ကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုဝင်များအား ကျေးရွာရှိ ကယ်ဆယ်ရေးစခန်းသို့ယမန်နေ့က သွားရောက်၍ မီးဘေးသို့ပါသွားသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ဆောင်ရွက်ခြင်းအား တိုက်နယ်မှူး ဦးအောင်ချမ်းငြိမ်း လက်ထောက်လ၀ကမှူး နှင့် ဦးသူရိန်ထွန်း လက်ထောက်လ၀ကမှူး တို့မှ အခမဲ့ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး ဓာတ်ပုံရိုက်ခများအား ခေတ်ဆန်းဝင်း ဓာတ်ပုံတိုက်မှု လှူဒါန်းခဲ့ကြောင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျား ( ၃၆ )ဦး ၊မ ( ၃၁ )ဦး စုစုပေါင်း ( ၆၇ )ဦး နှင့် အိမ်ထောာင်စု လူဦးရေစာရင်း (၆၆/၆) အား ၃၁ စု ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။ 

မချို ( ချောက် )

0 comments:

Post a Comment