Sunday, April 5, 2015

မြေလတ်မီဒီယာဂျာနယ် ဒုအယ်ဒီတာချုပ်နှင့် သတင်းထောက်များ နတ်မောက်မြို့တွင်တွေ့ဆုံကြ


မကွေတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြေလတ်မီဒီယာဂျာနယ် ဒုအယ်ဒီတာချုပ်နှင့် သတင်းထောက်များ
တွေ့ဆုံပွဲအား၂၀၁၅ခုနှစ်ဧပြီလ၄ရက်နေ့နေမွန်းလွဲ
၂နာရီအချိန်တွင်ဇေယျတုလ္ဘက်ရည်ဆိုင်တွင်ပြုလုပ်
ကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြေလတ်မီဒီယာဂျာနယ် ၏ လိုအပ်ချက်များကို ဒုအယ်ဒီတာချုပ်နှင့်သတင်းထောက်များအပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲသို့တောင်တွင်းကြီးမြို့ ၊မြို့သစ်မြို့၊
နတ်မောက်မြို့နယ်တို့မှ သတင်းထောက်များတွေ့ဆုံကြကြောင်းသိရသည်။
 
ဒုတိယအယ်ဒီတာချုပ်မှ မြေလတ်မီဒီယာဂျာနယ် အသိအမှတ်ပြု သတင်းထောက်ကတ်များ ထုတ်ပေးရန်ကိစ္စ နှင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကာလ နှင့် ရွေးကောက်ပွဲကျင်းပစဉ်ကာလ၊ ရွေးကောက်ပွဲပြီးကာလ သတင်းများယူရန်ကိစ္စ တို့ကို အသေးစိတ် ဆွေးနွေးကြကြောင်း၊ ရွေးကောက်ပွဲသတင်းယူရာတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) မှ ထုတ်ဝေမည့် ဆောင်ရန်၊ ရှောင်ရန် စာအုပ်ထွက်ရှိလာလျှင် အချိန်မီ ရယူပြီး ဆောင်ရွက်နိုင်ကြရန် တို့ကို ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

နတ်မောက်သားမြွေဟောက်
မိုးမမ(နတ်မောက်)

0 comments:

Post a Comment