Sunday, April 5, 2015

ဂန့်ဂေါမြို့နယ်တွင် စွန့်လွှတ်မြေများအား တောင်သူများထံပြန်လည်ပေးအပ်




ဧပြီ (၅)ရက်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် တပ်မတော်မှ စွန့်လွှတ်မြေများအား သက်ဆိုင်ရာတောင်သူ များထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ပေးအပ်ပွဲကို ဧပြီ ၅ရက်နံနက်ကဂန့်ဂေါမြို့
 မြစ်သာခန်း မ၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဝင်းမြင့်မောင် က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်မောင်၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က တောင်ခင်ရန်း၊ မြောက်ခင်ရန်း၊ သာလင်း၊ ဟံသာဝတီကျေးရွာ များမှ တောင်သူများထံလယ်ယာမြေ လုပ်ပိုင် ခွင့်ပြု လက်မှတ် ပုံစံ (၇) များကိုပေးအပ်သည်။ အဆိုပါနေ့တွင် တောင်ခင်ရန်း၊ မြောက်ခင်ရန်း၊ သာလင်း၊ ဟံသာဝတီ ကျေးရွာများရှိ တောင်သူ ၃၂၇ ဦးတို့အား ဦးပိုင်အမှတ် ၄၂၃ ခုရှိ မြေဧကပေါင်း ၁၄၄၃ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) များ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကျော်သန်းဆွေ

0 comments:

Post a Comment