Friday, April 3, 2015

ယာဉ်နှစ်စီး တိုက်မိရာမှ ဆိုင်ကယ်တစ်စီးအား ထပ်မံတိုက်မိသဖြင့် ကျား ၅ ဦး၊ မ ၃ ဦး ဒဏ်ရာရ

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက် (၇း၄၅) အချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်များသည် ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် ပခုက္ကူ-ရေစကြိုကားလမ်းမ လမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက် စစ်ဆေးခဲ့ကြောင်း၊

စစ်ဆေးချက်အရ ငါးသရောက်ရွာမှ ရေစကြိုမြို့သို့ မြို့ရှောင်လမ်းအတိုင်း ညောင်ဦးမြို့နယ်၊ ငါးသရောက် ရွာနေသူ ယာဉ်မောင်း ချစ်ညီလွင် (၂၃) နှစ် မောင်းနှင်သော ၂က/xxxxx ဒိုင်နာ အဖြူ ရောင် ယာဉ်သည် မြို့ရှောင်လမ်းနှင့် ပခုက္ကူ-ရေစကြိုကားလမ်းဆုံ အရောက်တွင် ယာဉ်ဘရိတ် ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ ပခုက္ကူ-ရေစကြို ကားလမ်းမအတိုင်း ကင်ပွန်းခါးရွာမှ ပခုက္ကူမြို့သို့ ပခုက္ကူမြို့နယ်၊ ကင်ပွန်းခါးရွာနေသူ ယာဉ်မောင်း ၀င်းကို (၂၈)နှစ် မောင်းနှင်လာသော ၉ဌ/xxxx ထော်လာဂျီ အနီရောင်ယာဉ်အား ၀င်ရောက် တိုက်မိသဖြင့် ထော်လာဂျီယာဉ်မှာ ပခုက္ကူ-ရေစကြို ကားလမ်းအတိုင်း မျက်နှာချင်းဆိုင်မှ ပခုက္ကူမြို့၊ မြို့သစ် ရပ်ကွက်နေသူ ဒေါ်ကြည်သာလှိုင် (၃၈)နှစ် မောင်းနှင်လာသည့် ၂၈ယ/xxxxx ကန်ဘို-၁၁၀ အစိမ်းရောင် ဆိုင်ကယ်သို့ ထပ်မံဝင်ရောက် တိုက်မိ ခဲ့ကြောင်း၊ 
 
ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်ပေါ်ပါ ညောင်ဦးမြို့နယ်၊ ငသရောက်ကျေးရွာနေသူ ဦးပေါစိန် (၄၃)နှစ် အပါအ၀င် ကျား(၄)ဦး၊ ထော်လာဂျီယာဉ်ပေါ်ပါ ရေစကြိုမြို့နယ်၊ မောက်ကလန်ရွာနေသူ ဒေါ်အုန်းကြည် (၅၉)နှစ် အပါအ၀င် ကျား(၁)ဦး၊ မ(၂)ဦးနှင့် ဆိုင်ကယ် မောင်းနှင်သူ ဒေါ်ကြည်သာလှိုင်၊ စုစုပေါင်း ကျား (၅)ဦး၊ မ(၃)ဦး တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊

ယာဉ်မဆင်မခြင် မောင်းနှင်သူ ချစ်ညီလွင်အား ပခုက္ကူမြို့ နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၄/၂၀၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment