Sunday, April 5, 2015

ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထုထားရှိနိုင်ရေး အလှူခံလှည့်လည်ဆောင်ရွက်



ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထုထားရှိနိုင်ရေး အလှူခံလှည့်လည်ဆောင်ရွက် ချောက် ဧပြီ  ၅  ရက် ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထုထားရှိနိုင်ရေး အလှူငွေလှည့်လည်ကောက်ခံရေးလုပ်ငန်း ကိုချောက်မြို့နယ်အတွင်း တီးဝိုင်းယာဉ်ဖျော်ဖြေမှုကို ရွှေပါရမီမြို့မတီးဝိုင်းဖြင့် မြို့နယ်ရာပြည့်ကော်မတီ ဥက္ကဌ ဦးမြင့်ဆွေ နှင့် အဖွဲ့ဝင်များ ၊မနောဖြူလူမှုကူညီရေး အသင်းဝင်များ ၊ဥတ္တရလူငယ်လူမှူကူညီရေး အသင်းဝင်များ စုစုပေါင်း အင်အား ၄၀ ဦးခန့်ဖြင့် ဆောင်ရွက်ရာ ယမန်နေ့ နံနက် ( ၉ )နာရီအချိန်မှ ည ၀၇း၃၀ ထိဆောင်ရွက်ခဲ့ရာ အလှူငွေ ၂၄ သိန်း အလှူခံရရှိခဲ့ကြောင်း နှင့် နောက်ရက်များတွင်လည်း မြို့ပေါ်နှင် ကျေးရွာတိုက်နယ်များဖြစ်သည့် ( စလေ / ဂွေးချို / ဂွေးပင် / တွင်းလပ် / ပခန်းငယ် ) တိုက်နယ်များသို့လှည့်လည်အလှူခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူပြောကြားချက်အရ သိရှိရသည်။

 ပေးပို့သူ ၀င်းဌေး (ချောက်) 

ဆေးဆိုင်များအား မူးယစ်ဆေးဝါးနှင့် ကာမနိုးဆွဆေးများရောင်းချမှုရှိ/မရှိ စစ်ဆေးအသိပညာပေး ချောက် ဧပြီ  ၄ ရက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးမျိုးမင်းဌေး ၊မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် မင်းမင်းစိုး ၊ ကျန်းမာရေးဦးစီးဌာနမှ ဦးဟန်ထွန်းထက် (ဆေးစပ်) ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့က ချောက်မြို့နယ်အတွင်းဆေးဆိုင်များဖြစ်သည့် ရွှွှေရောင်မြေ ၊ ကြယ်ညီနောင် ၊ရွှေအိမ်စည် ၊ ပိုင် ၊ အောင်ပြည့်စုံ စသည့်ဆေးဆိုင်များအား မဟာသင်္ကြန်အကြိုကာလနှင့် သင်္ကြန်ကာလတွင် လုံခြုံရေးနှင့် မှုခင်းကျဆင်းလျော့နည်းရေးအတွက် မူးယစ်ဆေးဝါး နှင့် ကာမနိုးဆွ ဆေးများ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 ပေးပို့သူ ၀င်းဌေး (ချောက်)

0 comments:

Post a Comment