Wednesday, April 8, 2015

၂၀၁၅ //အထွေထွေရွေးကောက်ပွဲ ကြိုတင်ပြင်ဆင် ရေးရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေလုပ်ငန်း လမ်းညွှန်ချက်များ ဆွေးနွေး



မြို့သစ်    ဧပြီ     ၆
         မကွေးတိုင်းဒေသကြီး  မြို့သစ်မြို့နယ်   ၏
၂၀၁၅ / ခု နှစ်အထွေထွေရွေးကောက်ပွဲ ကြိုတင်
ပြင်ဆင်နိုင်ရေး မြို့နယ်ကော်မရှင်အဖွဲ့ ခွဲ  နှင့်
ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့
ဝင်များ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ ၊ နည်းဥပဒေ
လုပ်ငန်းလမ်းညွှန်များ ဆွေးနွေးပွဲ အခမ်းအနားကို
ယနေ့( ၆ / ၄ / ၂၀၁၅ ) တနင်္လာနေ့  နံနက်(၁၀)နာ
ရီက  မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦစီး
ဌာန  အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်ခဲ့
သည်   ။


                     အခမ်းအနား  တွင်မြို့သစ်မြို့နယ်
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ ဥက္ကဌ ဆရာကြီး
ဦးကျော်ဝင်း   မှ အဖွင့်အမှာစကား ပြောကြား ခဲ့
ပြီး  မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်း
ရေးမှူး ဒု မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းမောင်
မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ၊  နည်းဥပဒေများ
နှင့်လုပ်ငန်းလမ်းညွန်များကိုလည်းကောင်း  ၊
မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ အဖွဲ့ဝင်
ဥပဒေအရာရှိ ဒေါ်ခိုင်မာလာဝင်းမှ  ရွေးကောက်ပွဲ
ဆိုင်ရာ  နည်းဥပဒေများကိုလည်းကောင်း ။
မြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ အဖွဲ့ဝင်
မြို့နယ်  လ  ဝ   က  ဦစီးအရာရှိ  ဦးစိုးသူ   မှ
ရွေးကောက်နှင့်ပတ်သက် ၍ သိသင့်သည်များကို
လည်းကောင်းအသီးသီး  ရှင်းလင်း ဆွေးနွေး  ခဲ့
သည်   ။


               ထို့ နောက် (၂၀၁၅ )ခုနှစ်အထွေထွေ
ရွေးကောက်ပွဲကြိုတင်ပြင်ဆင်နိုင်ရေးနှင့်ပတ်သက်
၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ  အဖွဲ့ဝင်
များ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲ
အဖွဲ့ ဝင်များ  မှ ပြန် လည်းဆွေးနွေးမေးမြန်း ရာ
ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍မြို့နယ်ရွေး
ကောက်ပွဲ  ကော်မရှင်  အတွင်းရေးမှူး
ဒုမြို့နယ်  အုပ်ချုပ်ရေးမှူး    ဦးဝင်းမောင်    မှ
ပြန် လည် ရှင်း ဆွေး နွေး  ခဲ့ သည်    ။ ။


              ဆက်လက်၍ မြို့ နယ်ရွေးကောက် ပွဲ
ကော်မရှင် အဖွဲ့ ခွဲ  ဥက္ကဌ  ဆရာကြီး  ဦးကျော်ဝင်း
မှ  နိဂုံးချုပ်  အမှာစကား  ပြန်လည်ပြောကြား
ခဲ့ ကြောင်း  သိရ  သည်     ။

                 သန်းဝင်းထွန်း

0 comments:

Post a Comment