Saturday, February 14, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့် မင်းဘူးမြို့ နဂါးပွက်တောင်လမ်း ကတ္တရာ ထပ်ပိုးလွှာလမ်းသစ်ဖွင့်လှစ်





မင်းဘူး                        ဖေဖေါ်ဝါရီ                   ၁၁
             မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်တွင် (၆၈)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်၊ နဂါးပွက်တောင်လမ်း ကတ္တရာ ထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီ ၁၁ ရက် နံနက် (၈)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
             ကတ္တရာထပ်ပိုးလွှာ လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူးဦးကိုကိုအောင် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင် နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးကျော်သူ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

            ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်သူ က နဂါးပွက်တောင် ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍  လမ်းအရှည်ပေ(၁၉၅၀) ပေ အား မြို့နယ်စည်ပင်သာယာရေး အဖွဲ့ ရန်ပုံငွေကျပ် (၁၇၃) သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်နေပြည်သူများ၊ ကုန်စည်ပို့ဆောင်သော ကျေးရွာမှ ပြည်သူများ၊ ဘုရားဖူးဧည့်သည်များ ၊အဆင်ပြေသွားလာနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြေား ကြားသည်။ 

           မင်းဘူးမြို့ ၊နဂါးပွက်တောင်လမ်းဟာဆိုရင် ယခင်က ချိုင့်ခွက်များ ၊ လှိုင်းများဖြစ်ပေါ်နေပြီး အများပြည်သူနှင့် ဘုရားဖူးဧည့်သည်များ သွားလာရ အဆင်မပြေမှုများ ရှိခဲ့ ကြောင်း၊ ယခုလိုကတ္တရာ ထပ်ပိုးလွှာ ခင်းပေးတဲ့ အတွက် ရပ်ကွက်နေပြည်သူများ ၊ ဘုရားဖူးပြည်သူများ ၊ အနီးအနားကျေးရွာ မှ ပြည်သူများ ၊ခရီးသွားလာရ အဆင်ပြေ လွယ်ကူ ကြောင်း ၊ ယခုလိုခင်းပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊လမ်းရေရှည်တည်တံ့ စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားမှာ ဖြစ်ကြောင်း ဒေသခံများ၏ ကိုယ်စား ဦးတင်ထွန်း က ပြောကြားခဲ့ကြောင်း သိရသည်။
                                                                                                                  ခရိုင်ပြန်/ဆက်

0 comments:

Post a Comment