Saturday, February 14, 2015

(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ




ငဖဲ     ဖေဖော်ဝါရီ      ၁၂
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကို ယနေ့နံနက် ၇ နာရီက ငဖဲမြို့ ကျောက်တိုင်အားကစားကွင်၌ကျင်းပရာ  ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂၀၁၅ခုနှစ်(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းဇော်က ဖတ်ကြားခဲ့သည်။

          သ၀ဏ်လွှာဖတ်ကြားပွဲ အပြီးတွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ အထက်တန်းအဆင့်၊အလယ်တန်းအဆင့် ဆုရကျောင်းသားကျောင်းသူများအား ဆုများအသီသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား(၃၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment