Saturday, February 14, 2015

ချောက်မြို့ တွင်မြန်မာနိုင်ငံကလေးများနေ့  အထိမ်းအမှတ်ဆောင်ရွက်




ချောက်   ဖေဖော်ဝါရီ  ၁၃ ရက်
      လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန် ထမ်းဦးစီးဌာန ချောက်မူလတန်းကြိုကျောင်း တွင် ဖေဖော်ဝါရီ ၁၃ ရက်နံနက် ၈နာရီက ဗိုလ်ချုပ်အောင်ဆန်း နှစ်( ၁၀၀ )ပြည့်နှင့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကဗျာနှင့်ကာယဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆု ပေးအပ်ပဲင်္ကိုကျင်းပသည်။

     အခမ်းအနားတွင်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် ကအမှာစကားပြော ကြားပြီးကလေးငယ်များက ကဗျာတေး သရုပ်ဖော်အကပဒေသာများဖြင့်ဖျော်ဖြေ တင်ဆက်ကြပြီး အားကစားပြိုင်ပွဲ နှင့် တေး သရုပ်ဖော်ပြိုင်ပွဲတွင်ဆုရရှိသည့်ရင်သွေး ငယ်များကိုတာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်းနှင့်ကလေး ငယ်များအားအထိမ်းအမှတ်အဖြစ် အရုပ်များလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
              ဝင်းဌေး (ချောက် )

0 comments:

Post a Comment