Saturday, February 14, 2015

ဗိုလ်ချုပ်အောင်ဆန်းနှစ် (100) ပြည့်မွေးနေနှင့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနား



လူမှုဝန်ထမ်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံးမှ ကြီးမှူးကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းနှစ် (100) ပြည့်မွေးနေနှင့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို မကွေးမူလတန်းကြိုကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ (13-2-2015 ရက်နေ့ (0900) နာရီအချိန် ။
အကြိုလှုပ်ရှားမှုများဖြစ်သော အားကစားပြိုင်ပွဲများ ၊ အကပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများကို 4-2-2015 ။ 5-2-2015 ။ 6-2-2015 ။  9-2-2015 ရက်နေ့နှင့် 11-2-2015 ရက်နေ့အထိ  ကျင်းပပြု လုပ်ခဲ့ပြီး ပထမ၊ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆုများအဖြစ် ပြိုင်ပွဲဝင်ကလေးများအားလုံးကို ချီးမြှင့်ခြင်း ၊ ဖျော်ဖြေပွဲများဖြင့်ဖျော်ဖြေခြင်း တို့ပြုလုပ်ခဲ့ကြပြီး ၊ နေ့လည် 11-30 နာရီတွင် အခမ်းအနား ပြီးစီးခဲ့ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။

မြေလတ်မီဒီယာ

0 comments:

Post a Comment