Friday, December 19, 2014

အမွေဆိုင် ယာမြေရောင်းချရန် ကန့်ကွက်သဖြင့် ညီနှင့် တူဖြစ်သူတို့မှ တုတ်ဖြင့်ရိုက်၍ သေဆုံး

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၂ နာရီအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ချောက်မြို့နယ်၊ ပခန်းငယ်အုပ်စု၊ မင်းကန် ကျေးရွာနေ ဒေါ်ခင်သန်းဝင်း(၅၃)နှစ်သည် နေအိမ်၌ ရှိနေစဉ် နေအိမ်အနောက်ဘက် လမ်းကြားမှခင်ပွန်းဖြစ်သူ ဦးကံချွန်(၅၅)နှစ်၏ အော်သံကြား၍ သွားရောက်ကြည့်ရှုရာ ခင်ပွန်းဖြစ်သူအား လမ်းပေါ်တွင် လဲကျနေသည်ကိုတွေ့ရှိသဖြင့် မေးမြန်းရာ တစ်ရွာတည်းနေသူများဖြစ်သော ညီအရင်းဖြစ်သူ အောင်လှဝင်း(၄၈)နှစ်နှင့်တူဖြစ်သူ မောင်ကျော် (၃၀)နှစ် (ဖ) ဦးဟံတင်တို့ ၂ ဦးမှ (ညီအစ်ကို မောင်နှစ်မ ၈ ဦးအမွေဆိုင် ယာမြေအား ဦးကံချွန်မှ ရောင်းချရန် ကန့်ကွက်သဖြင့် မကျေနပ်၍) အရှည် (၃)ပေခန့် လုံးပတ် (၄)လက်မခန့်ရှိ ကန္တာရ သစ်သားတုတ်ဖြင့် ရိုက်နှက်သွားကြောင်း ပြောပြသိရှိရပြီး ဦးကံချွန်တွင် ၀ဲဂျိုစောင်း/ ယာမျက်ခုံး အထက် ဖူးရောင်ဒဏ်ရာ၊ ပါးစပ်၊ နှာခေါင်းတို့မှ သွေးထွက်ဒဏ်ရာတို့ရရှိခဲ့ကြောင်း သတင်းရရှိသည်။
 အောင်လှဝင်းနှင့် မောင်ကျော်တို့အား အရေးယူပေးရန် ၁၈.၁၂.၂၀၁၄ ရက်နေ့တွင် ဒ်ါခင်သန်းဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ချောက်မြို့နယ်၊ စလေနယ်မြေရဲစခန်း (ပ) ၈၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၅/၁၁၄ အရ အရေးယူဆောင်ရွက်ထားရာမှ ဒဏ်ရာရရှိသူ ဦးကံချွန်သည် မန္တလေး တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် အခင်းဖြစ်စဉ်က ရရှိခဲ့သောဒဏ်ရာများဖြင့် ၁၈.၁၂.၂၀၁၄ ရက်နေ့ ၁၉၄၀ အချိန် သေဆုံးသွားသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅/၁၁၄ မှ ၃၀၂/၁၁၄ သို့ ပြောင်းလဲ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
မကွေးသတင်းစုံ

0 comments:

Post a Comment