Friday, December 19, 2014

မိဘကိုလုပ်ကျွေးပြီး အောင်မြင်သော အနုပညာရှင်ဖြစ်ချင်တဲ့ အဆိုကျော် ခင်စုသျှင်

ပုဂံညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ထူးချွန်ထက်မြက်ခဲ့သည့် မိဖုရားဖွားစော၏
မွေးရပ်ချက်ြွေကဇာတိမြေကမ်းဖြူရွာကြီးတွင်၁၃၇၆ ခုနှစ် နတ်တော်လပြည့်ကျော်(၈)ရက်နေ့မှ
လကွယ် နေ့တိုင်အောင် မိဖုရားဖွားစော၏ ကောင်းမှုတော် ရွှေဘုံသာမြတ်စွာဘုရားပွဲတော်ကို
တက္ကသိုလ်မင်းခန့်ကို၏ ကြယ်စင်ဆန်းခေတ် ယဉ်ကျေးမှု အနုပညာသဘင်အင်အားစုနှင့်အတူ
နိုင်ငံကျော် အနုပညာရှင်များ ဖြစ်ကြသည့် ပိုပို၊ ခင်စုသျှင်၊ ကောင်းပြည့်တို့ပါဝင်ဆင်နွဲခဲ့
ကြောင်း သိရှိရသည်။ အဆိုကျော် ခင်စုသျှင် နှင့် တွေ့ဆုံခဲ့ရာ ခင်စုသျှင်မှ သမီးရဲ့ ဂီတဆ
ရာကတော့ အဖေနဲ့အမေပါဘဲ လက်ဦးဆရာကတော့ အစ်ကို ဦးလှဆန်းဦးဖြစ်ပါတယ်
၂၀၁၁ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတာပါ ဂီတကို ဝါသနာပါတာကတော့
ငယ်ငယ်တုန်းကတည်းကပါဘဲ ပထမဦးဆုံးစီးရီးအနေနဲ့ ၂၀၁၃ ခုနှစ်က ကိုကို့ကို ချစ်လို့
စီးရီး ထုတ်ဝေခဲ့ပါတယ် ဒုတိယစီးရီးကိုတော့ ပြင်ဆင်နေပါတယ် သမီးကတော့ ဂီတနှင့်
ပတ်သက်သမျှ အရာအားလုံးကို ဝါသနာပါပါတယ် ယခုလို သဘင်ပညာရှင်တွေနဲ့ ပူးပေါင်း
တင်ဆက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးမိပါတယ် သဘင်ပညာရှင်များဟာ ရိုးရာ
ယဉ်ကျေးမှုအနုပညာများကို ထိန်းသိမ်းစောင့်ရှောက်နေသူများပါ သမီးရဲ့ရည်မှန်းချက်ကတော့
အနုပညာလောကမှာ အောင်မြင်သူတစ်ယောက်ဖြစ်ပြီး မိဘကိုလုပ်ကျွေးတဲ့ အနုပညာရှင်တစ်
ဦးဖြစ်ချင်ပါတယ်။

နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment