Monday, December 22, 2014

အမျိုးသားပညာရေး နည်းဥပဒေများ ဆွေးနွေးပွဲ ပခုက္ကူတက္ကသိုလ်၌ ပြုလုပ်

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် အမျိုးသားပညာရေး
ဥပဒေ၏ ဆက်စပ်ဥပဒေများ အကောင်အထည်ဖော်ရေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားအား
၂၆.၁၁.၁၄ (ဗုဒ္ဓဟူးနေ့) မွန်းလွှဲ (၁းဝ၀)နာရီ ပခုက္ကူတက္ကသိုလ် ပင်မဆောင် ဘွဲ့နှင်းသဘင်
ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ်အဆင့် တာဝန်
ရှိသူများ၊ မီဒီယာများ၊ လွှတ်တော်ကိုယ်စားလှယ်များ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊
၈၈ ပွင့်လင်းအဖွဲ့အစည်းများ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ၊
ပခုက္ကူတက္ကသိုလ်မှ ဆရာ ဆရာမများ စုံညီစွာတက်ရောက်ကြသည်။

 ပခုက္ကူတက္ကသိုလ် ပါ
မောက္ခချုပ် ဒေါက်တာဦးချိုမှ အဖွင့်အမှာစကားပြောကြားသည်။ ကျောက်ဆည်တက္ကသိုလ် ပါ
မောက္ခချုပ် ပခုက္ကူသား ဒေါက်တာမြင့်လွင်မှ အဆင့်မြင့်ပညာအဖွဲ့အစည်းများ မွန်းမံပြုပြင်
ပြောင်းလဲလာခြင်း အကြောင်းအရာများအား ရှင်းလင်းသည်။ မြန်မာစာအဖွဲ့ ဦးစီးဌာန တာ
ဝန်ခံညွှန်ကြားရေးမှူးချုပ် မြင်းခြံသား ဒေါက်တာဇော်မြင့်မှ အမျိုးသားပညာရည်မြင့်မားရေး
ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ တက်ရောက်လာသည့်သူများမှ မကွေးတိုင်းဒေသကြီး
သတင်းစာဆရာအသင်း ဥက္ကဌ ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား
လှယ် ဦးဇော်မိုးသိန်း၊ မြို့နယ်ဖွံ့ထောက်ဥက္ကဌ ဦးရဲထွဋ်၊ ဦးသက်ကြူ (၈၈ ပွင့်လင်းလူ့အဖွဲ့
အစည်း) တို့အပါအဝင် စိတ်ဝင်စားသူများက ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြကြောင်း သိရှိ
ရသည်။

နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment