Thursday, December 25, 2014

တောင်တွင်းကြီးမြို့နယ် စာရေးဆရာအသင်း သက်ကြီးစာပေပညာရှင်များ ကန်တော့ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ်
မြို့နယ်စာရေးဆရာအသင်းမှ နှစ်စဉ်နှစ်တိုင်း ကျင်းပလျှက်ရှိသော
သက်ကြီးစာပေပညာရှင်ကြီးများ ကန်တော့ပွဲ
ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀း၀၀ အချိန်တွင်
တောင်တွင်းကြီးမြို့တွင် စာရေးဆရာအသင်း အတွင်းရေးမှူး
ဟင်္သာ(တောင်တွင်းကြီး)နှင့် အဖွဲ့က အသက်
(၇၅)နှစ်အထက် ၀ါရင့် သက်ကြီးစာပေပညာရှင်ကြီးများအား အိမ်တိုင်ရာရောက်
သွားရောက် ကန်တော့ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ
သက်ကြီးဝါရင့်စာပေပညာရှင်ကြီးများ
ပေးအပ်သော ကန်တော့ငွေနှင့် ပစ္စည်းများမှာ တောင်တွင်းကြီးမြို့နယ်
မြို့နယ်စည်ပင်သာယာဈေးကြီးအတွင်းအပြင်တွင် ရောင်းချနေသော ဈေးသူဈေးသား
၇ ရက်သားသမီး
အပေါင်းတို့မှ ထည့်ဝင်လှူဒါန်းသော ငွေကြေးများဖြင့်
ကန်တော့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 
 
သက်ကြီးစာပေပညာရှင်တစ်ဦးလျှင်
ငွေကျပ် ၁၅၀၀၀ နှင့် ဘောပင် စာအုပ်
မျက်နှာသုတ်ပုဝါ စသည့် ကန်တော့ခံပစ္စည်းများကို တစ်ဦးချင်း
အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရှိရသည်။ ၄င်း ကန်တော့ခံ
သက်ကြီးစာပေ ပညာရှင်ကြီးများ
ထဲမှ အသက် ၈၀ ကျော် မြို့နယ်စာရေးဆရာအသင်း (ယာယီ)ဥက္ကဋ္ဌ ရွှေတွင်း
ခင်မောင်ရင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် မင်းပြစ်မင်းဒဏ်ဘေးမှ
လွတ်ကင်းသော သမိုင်းတင်စာရေးဆရာကြီးများထဲမှ အမတ်ကြီး ဦးပေါ်ဦး၊
ယောအတွင်းဝန် ဦးဖိုးလှိုင် စသည့် သမိုင်းတင် စာရေးဆရာကြီးများကဲ့သို့
အသက်ရှည် ကျန်းမာ
ချမ်းသာစွာဖြင့် တိုင်းပြည်အကျိုး ပြည်သူ့အကျိုးကို မေတ္တာစေတနာထား၍
အဂတိတရားကင်းကင်းနှင့် လူထုအကျိုးပြု သတင်းနှင့်စာပေများစွာကို
သတင်းစာဆရာများ၏
ကျင့်ဝတ်နှင့်အညီ အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ဘက်မလိုက်ဘဲ
ရဲရဲဝံ့ဝံ့ရေးသားဖော်ပြနိုင်ကြပါစေလို့ဆန္ဒပြု ကျေးဇူးတင်စကား
ပြန်လည်ပြောကြားခဲ့ကြောင်း
သိရှိရသည်။

အလယ်ပိုင်းသတင်းသမား
ဖုန်း - 09440223276

0 comments:

Post a Comment