Friday, December 19, 2014

မဆင်မခြင်မောင်းနှင်သဖြင့် ဆိုင်ကယ်တိမ်းမှောက် ဒဏ်ရာရသေဆုံး

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တဲကြီးကျေးရွာ အနီးတွင် လူတစ်ဦးဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေကြောင်း သတင်းအရ ဗဟင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အားစစ်ဆေးရာ ကျောက်တိုင်ခင်ကျေးရွာမှ ကျောက်ခွက်ရေနံမြေသို့ ပေါက်မြို့နယ်၊ ကျောက်တိုင်ခင် ရွာနေ ညိုဝင်း(၂၂)နှစ် တစ်ဦးတည်း မောင်းနှင်လာသော နံပါတ်မပါ Hensin-၁၁၀ အစိမ်းရောင်ဆိုင်ကယ်မှာ တဲကြီးကျေးရွာအနီး မိုင်တိုင်အမှတ် ၁၀/၀ နှင့် ၁၀/၁ အကြားအရောက်၌ ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်လဲကျ၍ ၀ဲဘက်ဂျိုစောင်း၊အပေါ်နှုတ်ခမ်း၊ နှာခေါင်းနှင့် ၀ဲခြေဖမိုးတို့တွင် ပွန်းပဲ့ဖူးရောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။ 
ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ညိုဝင်းအား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းယာဉ် (ပ) ၄/၂၀၁၄ ၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိရာမှ ဒဏ်ရာရရှိသူ ညိုဝင်းသည် ဗဟင်း တိုက်နယ်ဆေးရုံမှ မန္တလေးတိုင်း ပြည်သူ့ဆေးရုံသို့လွှဲပြောင်း ဆေးကုသရန် သွားရောက်စဉ် လမ်းတွင်သေဆုံးသွားသဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ မှ ၃၀၄-က သို့ ပြောင်းလဲ အမှုဖွင့် ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment