Friday, December 19, 2014

အိမ်ခြေ(၁၇၀ဝ)ခန့်ရှိသည့် ကမ်းဖြူရွာကြီးတွင် သောက်သုံးရေအတွက် ယနေ့တိုင် ကျန်းမာရေးနှင့်မညီညွတ်သော ကန်ရေများကို သုံးစွဲလျက်ရှိ

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူကျေးရွာကြီးသည် အိမ်ခြေ(၁၇၀ဝ)
ခန့်ရှိပြီး မင်းသုံးဆက်တိုင် မိဖုရားခေါင်ဖြစ်ခဲ့သော မိဖုရားကြီးဖွားစော၏ ဇာတိချက်ြွေကမွေး
ရပ်မြေလည်း ဖြစ်သည်။ ကမ်းဖြူရွာကြီး၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ကြီးကန်ရွာ
ကြို့ပင်ကောက်ရွာ ကူတောရွာ ဖလံကန်ရွာ အိုရင်းရွာ မောင်းကွက်တောရွာ ငါ့သရောက်ရွာ
စိထ္တိန်းရွာများရှိပြီး အထက်တန်းကျောင်းကြီးနှင့် ရွာ၏ပညာရေးမြင့်မားလှသည်ဟု သိရသည်။
ပုဂံသမိုင်းမှာ ထူးချွန်ထင်ရှားတဲ့ မိဖုရားဖွားစောကြီး ရွာဖြစ်ပြီး သူ့ရဲ့ကောင်းမှုတော် ရွှေဘုံ
သာမြတ်စွာဘုရားရယ် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းရှိပါတယ် ဖွားစောကန်၊ မောင်းမ
ကန်၊ ဘုန်းကြီးကန် သုံးကန်လည်းရှိပါတယ် အိမ်ခြေ(၁၇၀ဝ)ရှိပါတယ် ကျောင်းသားပေါင်း
(၁၄၀ဝ)ခန့် ဆရာ ဆရာမ(၅၀)ကျော်နဲ့ ပညာသင်ကြားပေးနေတဲ့ အထက်တန်းကျောင်းကြီး
လည်းရှိပါတယ် သိန်းနှစ်ထောင်အကုန်ကျခံပြီး လျှပ်စစ်မီးလည်း ရရှိနေပါပြီ ဒါပေမယ့်
ယနေ့ထက်တိုင် သောက်သုံးရေကတော့ အခက်အခဲဖြစ်နေဆဲပါဟု ကမ်းဖြူရွာသားတစ်ဦးက
ပြောသည်။ ကမ်းဖြူရွာကြီးတွင် မိဖုရားဖွားစော တူးဖော်ခဲ့သော ကန်ကြီး(၂)ကန်အပြင်
ရပ်ရွာမှတူးဖော်သော ကန်တစ်ကန်လည်း ရှိသည်ဟု သိရှိရသည်။ ရပ်ရွာမှ တူးဖော်သောကန်
တွင် ရေချိုးခွင်ြ့ပုပြီး မိဖုရားဖွားစောတူးသောကန်တွင် သောက်သုံးရန်အတွက် ခွင့်ပြုသည်ဟု
ဒေသခံတစ်ဦးကပြောသည်။ အဆိုပါကန်ကြီးများသည် ပန်းလှိုင်ကန် (၆)ဧကခန့်၊ မောင်းမ
ကန်(၂)ဧကခန့်၊ ဘုန်းကြီးကန်(၄)ဧကခန့်ရှိသော်လည်း မိုးလေဝသမမှန်ကန်သောကြောင့်
ဆောင်းအကုန် နွေကာလတွင် သောက်သုံးရေအခက်အခဲရှိနေသည်ဟု သိရှိရသည်။ နိုင်ငံတော်
မှ စက်ရေတွင်း(၂)တွင်း တူးဖော်ပေးသော်လည်း ရွာ၏လူဦးရေနှင့် မမျှတဖြစ်နေကြောင်း ရွာ
လူကြီးတစ်ဦးထံမှ လေ့လာသိရှိရသည်။ ယနေ့ခေတ်မှာ ကန်ရေတွေကို သောက်သုံးဖို့မသင့်
တော့ပါဘူး ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကန်ရေတွေက မသန့်ရှင်ပါဘူး ဒါပေ
မယ့် ကျေးလက်ပြည်သူတွေကတော့ တိရစ္ဆာန်တွေပါ သောက်သုံးနေတဲ့ ကန်ရေတွေကို သုံး
စွဲနေကြဆဲဖြစ်ပါတယ် ဒါတွေကို အသိပညာလည်းပေး သောက်သုံးရေလုံလောက်မှုရှိအောင်
စက်ရေတွင်းများ တူးဖော်ပေးဖို့ ဒေသခံတစ်ဦးကပြောသည်။

နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment