Sunday, December 21, 2014

နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်

  ဆိပ်ဖြူ  ဒီဇင်ဘာ  ၂၀

    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘားကြီးကျေးရွာအုပ်စုတွ
င်မိုးပွင့်အဆင့်(၇)
စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နှင့်အိမ်ထောင်စုစာရင်းများကွင်းဆင်းဆောင် ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၄၃)ကတ်နှင့်အိမ်ထောင်စုစာရင်း(၁၃၂) စောင်တို့အား(၂၀-၁၂-၂၀၁၄)ရက်နေ့နံနက် (၁၀၃၀)နာရီအချိန်က ကမ္ဘားကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ပွဲပြုလုပ်
သည်။

     မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးဥာဏ်ဝင်း က ကျေးရွာပြည်သူများအားနိုင်ငံသားစိစစ် ရေးကတ်ပြားများ နှင့်အိမ်ထောင်စုစာရင်း များပေးအပ်ပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍လိုက်နာရ မည့်အချက်များအား ရှင်းလင်းပြောကြား ကြောင်း သိရှိရသည်။

ပေးပို့သူ - ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment