Friday, December 19, 2014

မကွေးခရိုင်အတွင်းကဆိုင်ကယ်ခိုးသူများအား ဆိုင်ကယ်(၁၆)စီးနှင့်အတူ ဖမ်းမိပြီ

ရေနံချောင်း      ဒီဇင်ဘာ    ၁၈
    မကွေတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်တွင် ဆိုင်ကယ်ခိုးမှုများဖြစ်ပွားလျှက်ရှိရာ မကွေးခရိုင် ရဲတပ်ဖွဲ့နှင့် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆိုင်ကယ်ခိုးသူ တရားခံတို့အား  ခိုဘီးဆိုင်ကယ်(၁၆)စီး နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

    ဖြစ်စဉ်မှာ မကွေးခရိုင်အတွင်းဖြစ်ပွားနေသော ဆိုင်ကယ်ခိုးမှုများနှင့် ပင်သက်၍ စုံစမ်း ဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြပ်မတ်ကွပ်ကဲမှုနှင့်အတူ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူမှ ရဲအုပ်သက်အောင်စိုး၊မကွေးမြို့မရဲစခန်းမှနယ်ထိန်းအရာရှိ ဒုရဲအုပ်ဇော်ဌေးလွင်တို့အဖွဲ့သည် ဒီဇင်ဘာလ ၁၂ရက်နေ့၂၀နာရီ၃၀မိနစ်အချိန်က မော်တော်ယာဉ်လှည့်ကင်းဆောင်ရွက်ကြစဉ် ဒေါင်းနေချောင်းတံတား အနီးအရောက် ရန်ုကုန်-မန္တလေး ကားလမ်းမပေါ်တွင် ဆိုင်ကယ်(၂)စီးနှင့် လူနှစ်ဦးအား မသင်္ကာဖွယ်ရာတွေ့ရှိရ၍ လိုက်လံဖမ်းဆီးရာ အဆိုပါလူ ၂ဦးမှာ ဆိုင်ကယ်များထား၍ ထွက်ပြေးသွားသဖြင့် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ထွန်းလင်းနှင့်အဖွဲ့ မှမော်တော်ယာဉ်ဖြင့် ပိတ်ဆို့ရှာဖွေရာ ထွက်ပြေးလာသူ ၂ဦးအနက်မှ သန်းတိုးအောင်(ခ)မင်းအောင် ၁၆နှစ်အား ပေတောကျေးရွာအနီးမှ ဖမ်းဆီးရမိခဲ့သဖြင့် ရေနံချောင်းမြို့နယ်၊ညောင်လှနယ်မြေရဲစခန်း (ပ)၉၅/၂၀၁၄ ၊ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းနှင့် ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး အောင်ခိုင်က အနီးကပ်ကြီးကြပ်၍ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်သက်အောင်စိုး၊ ညောင်လှနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းလင်း၊ချောက်မြို့နယ် ဂွေးပင်ရဲစခန်းမှ ဒုရဲအုပ်ဇော်မင်းဦးတို့ ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ သန်းတိုးအောင်မှာ တစ်ရွာတည်းနေ တင်မြင့်ဦး၊အောင်မင်း၊ကျော်သူတို့နှင့် အတူဆိုကယ်ခိုးမှုများ ကျူးလွန်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၁ရက်နေ့(၁၈)နာရီအချိန်က သန်းတိုးအောင်နှင့် တင်မြင့်ဦးတို့သည် မင်းဘူးမြို့နယ်အတွင်းမှ ဆိုင်ကယ်(၁)စီးအား ခိုးယူထွက်ပြေးလာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး၎င်းတို့နှင့်အတူ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ  ဒီဇင်ဘာလ ၁၂ရက်နေ့က တရားခံကျော်သူ(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် ရေးနံချောင်းမြို့မရဲစခန်း (ပ)၁၃၅/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ဖမ်းမိတရားခံ သန်းတိုးအောင်နှင့် ကျော်သူတို့အား ပူးပေါင်းအဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့ပြီး ၄င်းတို့ ပြစ်မှုကျူးလွန်ရာမှရရှိသည့် ဆိုင်ကယ်(၁၆)စီးတို့အား သိမ်းဆည်းရမိကြောင်း၊ သိမ်းဆည်းရမိသော ဆိုင်ကယ်များနှင့်ပက်သက်၍ ဖမ်းဆီးရမိသူများအား ၄င်းတို့ကျူးလွန်ထားသည့် ခိုးမှုတို့ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိခြင်း၊ ခိုးမှုများထပ်မံစစ်ဆေး ဖော်ထုတ်ခြင်း၊ ၄င်းတို့နှင့်အတူ ပူးပေါင်းကျူးလွန်သည့်ထွက်ပြေးတိမ်းရှောင်နေသူ တင်မြင့်ဦးနှင့် အောင်မင်းတို့အားလိုက်လံရှာဖွေ စစ်ဆေးခြင်း၊ သိမ်းဆည်းရမိသောဆိုင်ကယ်များ၏ ပိုင်ရှင်းများအား စုံစမ်းခြင်းနှင့် ဆိုင်ကယ်ခိုးမှုကျူးလွန်တတ်သူများအား စစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

0 comments:

Post a Comment