Monday, December 22, 2014

ဂန်ဂေါတွင် လက်တွန်းထွန်စက်များ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျှက်ရှိ

ဂန့်ဂေါ ဒီဇင်ဘာ ၁၉

    ဂန့်ဂေါမြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် တရုတ်နိုင်ငံထုတ် ဒေါင်ဖန်း လက်တွန်းထွန်စက်များကို တောင်သူလယ်သမားများထံ ၂ နှစ် ၃ ရစ်ဆပ်စနစ်ဖြင့် အရစ်ကျရောင်းချပေးလျှက်ရှိကာ ဝယ်ယူသူလယ် သမားများအား စက်မှုလယ်ယာဝန်ထမ်းများက လက်တွေ့တပ်ဆင်မောင်းနှင်ပြသပေးလျှက်ရှိသည်။

    အဆိုပါလက်တွန်းထွန်စက်၏ တန်ဖိုးမှာ ငွေကျပ် ၁၆ ဒသမ ၃၂ သိန်းဖြစ်ကာ  ထွန်စက်ဝယ်ယူသည့် အချိန်တွင် ငွေကျပ် ၅ သိန်း ၄ သောင်း လေးထောင်ကို ပေးချေ၍ တစ်နှစ်ပြည့်သည့်အခါ ၅ သိန်း ၄ သောင်း ၄ ထောင်ကိုပေးချေရမည်ဖြစ်ကာ ၂ နှစ်ပြည့်သည့်အချိန်တွင် ကျန်ငွေအားလုံးကို ပေးချေသည့်စနစ်ဖြင့် ရောင်းချ ဖြင်းဖြစ်ကြောင်းနှင့် သံဘီး၊ သုံးသွားထယ်၊ ၂၂ သွားထွန်တို့ပါဝင်ကြောင်း သိရသည်။

    နွားယှဉ်းကို အသုံးးပြု၍ထွန်ယက်လျှင် ၄ မနက်ထွန်ယက်ရသည့် လယ်ယာကို အဆိုပါထွန်စက်ဖြင့် ထွန်ယက်လျှင် ၂ နာရီခန့်သာကြာကြောင်း၊ ကုန်ကျစရိတ်အားဖြင့် တစ်ဧကအတွက် နွားယှဉ်းငှား၍ ထွန်ယက် လျှင် ၂ သောင်းကျပ်ကုန်ကျနိုင်ကြောင်း၊ စက်ဖြင့်ထွန်ယက်လျှင် ၈ ထောင်ကျပ်သာကုန်ကျသဖြင့် စရိတ်စက သက်သာသည့်အပြင် အချိန်ကုန်သက်သာကြောင်း အိမ်သစ်ရွာမှ လယ်သမားတစ်ဦးကပြောကြားသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment