Sunday, December 21, 2014

သုံးဘီးဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ ဒဏ်ရာရရှိမှုအား ဆေးရုံတက်ရောက်ကုသစဉ် သေဆုံး

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားနယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ်၊ ဂုံညှင်းတန်းအုပ်စု၊ ခြေဆေးအိုင်ရွာနေ ဦးမောင်ဆန်း(၃၀)နှစ်သည် နေအိမ်ပေါ်မှ လိမ့်ကျသည်ဟု ဆိုကာ တောင်တွင်းကြီးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ၂၀.၁၂.၁၄ ရက်နေ့ ၀၃၅၀ အချိန် သေဆုံးသွားကြောင်း အကြောင်းကြားသဖြင့် သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးရာ ၁၉.၁၂.၂၀၁၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့၊ နွားပွဲဈေးမှ ဦးမောင်ဆန်းသည် ၄င်း၏ညီအစ်ကိုဝမ်းကွဲတော်စပ်သည့် တစ်ရွာတည်းနေ ဇော်မင်းလွင် (၂၅)နှစ်၏ ယာဉ်အမှတ် ၆ခ/xxxx စကိုင်းလိုက် အမျိုးအစား အပြာရောင်သုံးဘီးယာဉ်ပေါ်တွင် ယာဉ်မောင်းသူ ၊ ဇော်မင်းလွင်၏ဘေးတွင်ထိုင်၍ ရွာသို့ပြန်လာစဉ် ချောင်းနက်-နေပြည်တော် ကားလမ်းမိုင်တိုင်အမှတ် (၅၉/၄) နှင့် (၅၉/၅) အကြားအရောက်တွင် ဦးမောင်ဆန်းသည် သုံးဘီး ဆိုင်ကယ်ပေါ်မှ ပြုတ်ကျစဉ် ယာဉ်၏ကိုယ်ထည်နှင့် ရင်ဘတ်တို့ရိုက်မိ၍ ဦးမောင်ဆန်းတွင် စအိုဝ စုတ်ပြဲဒဏ်ရာ၊ ယာဘက် နံရိုး(၅)ချောင်းကျိုးကာ အသည်းအား စိုက်ဝင်သည့်ဒဏ်ရာရရှိပြီး (ညီအစ်ကို ၀မ်းကွဲတော်စပ်၍) အိမ်ပေါ်မှလိမ့်ကျသည့်ဟုဆိုကာ ဆေးရုံတက်ရောက် ကုသနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။ 
ယာဉ်အား မဆင်မခြင် မောင်းနှင်သူ ဇော်မင်းလွင် (၂၅)နှစ်အား တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွား နယ်မြေရဲစခန်း ယာဉ်(ပ) ၃၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
 
မကွေးသတင်းစုံ

0 comments:

Post a Comment