Friday, December 19, 2014

ကျောက်ပန်းတောင်းနယ် သမိုင်းဝင် မိဖုရားဖွားစော၏ ဇာတိချက်ြွေက မွေးရပ်မြေတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် ဒေသခံများက လိုလားလျက်ရှိ

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူကျေးရွာကြီးသည် အိမ်ခြေ(၁၇၀ဝ)
ခန့်ရှိပြီး မင်းသုံးဆက်တိုင် မိဖုရားခေါင်ဖြစ်ခဲ့သော မိဖုရားကြီးဖွားစော၏ ဇာတိချက်ြွေကမွေး
ရပ်မြေလည်း ဖြစ်သည်။ ကမ်းဖြူရွာကြီး၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ ကြီးကန်ရွာ
ကြို့ပင်ကောက်ရွာ ကူတောရွာ ဖလံကန်ရွာ အိုရင်းရွာ မောင်းကွက်တောရွာ ငါ့သရောက်ရွာ
စိထ္တိန်းရွာများရှိပြီး အထက်တန်းကျောင်းကြီးနှင့် ရွာ၏ပညာရေးမြင့်မားလှသည်ဟု သိရသည်။

ပုဂံသမိုင်းမှာ ထူးချွန်ထင်ရှားတဲ့ မိဖုရားဖွားစောကြီး ရွာဖြစ်ပြီး သူ့ရဲ့ကောင်းမှုတော် ရွှေဘုံ
သာမြတ်စွာဘုရားရယ် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းရှိပါတယ် ဖွားစောကန်၊ မောင်းမ
ကန်၊ ဘုန်းကြီးကန် သုံးကန်လည်းရှိပါတယ် အိမ်ခြေ(၁၇၀ဝ)ရှိပေမယ့် ယနေ့ထိ တိုက်နယ်
ဆေးရုံမရှိသေးပါဘူး နိုင်ငံတော်က ချပေးပြီးပြီလို့ ကြားသိရပေမယ့် ယနေ့အထိ အကောင်
အထည် ဆောင်ရွက်ပေးတာ မရှိသေးပါဘူးဟု ဒေသခံတစ်ဦးက ပြောသည်။ ကမ်းဖြူရွာကြီး
သည် ပဲမျိုးစုံသီးနှံများ၊ ထန်း၊ မန်ကျည်းများ ထွက်ရှိပြီး သိုးဆိတ်မွေးမြူရေး အားနည်း
ကြောင်းသိရှိရသည်။ ပုပ္ပါးနှင့် ကမ်းဖြူရွာ (၁၆)မိုင်၊ တောင်သာနှင့်(၂၈)မိုင် ဝေးကွာပြီး
ထွက်ရှိသော ဒေသထွက်သီးနှံများကို ကျောက်ပန်းတောင်းသို့ သွားရောက်ရောင်းချကြသည်ဟု
လည်းသိရှိရသည်။ ၂၀ဝ၅ ခုနှစ်တွင် ကိုယ်ထူကိုယ်ထစွမ်းအားဖြင့် သိန်း(၂)ထောင်အကုန်အ
ကျခံကာ လျှပ်စစ်မီးများ ရရှိနေသည့် ရွာကြီးလည်းဖြစ်သည်။ သမိုင်းဝင်ရွာကြီးတစ်ရွာဖြစ်
စီးပွားရေးအရလည်း ကောင်းမွန်သော ပညာတတ်ပေါများသော ကမ်းဖြူရွာကြီးတွင်
ကျန်းမာရေး အတွက် လိုအပ်နေသော တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် ဒေသခံများက
လိုလားလျက် ရှိကြောင်း သိရှိရသည်။

နေဦးမောင်(ပခုက္ကူ)

0 comments:

Post a Comment