Friday, December 19, 2014

စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း(မကွေး)၏ အဆင့်မြင့်စည်းရုံးရေးသင်တန်းဆင်းပွဲပြုလုပ်

မကွေး  ဒီဇင်ဘာလ  ၁၉

    မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း(မကွေး)၏ အဆင့်မြင့်စည်းရုံးရေးသင်တန်းအမှတ်စဉ်(၃၄/၂၀၁၄)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၈း၀၀)နာရီက မကွေးမြို့ စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြုလုပ်သည်။

    အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်တက်ရောက်ပြီး သင်တန်းဆင်းအမှာစကားပြောကြားသည်။ယင်းနောက် ထူးချွန်ဆုနှင့် လက်တွေ့ဟောပြောပို့ချခြင်းသင်ခန်းစာများတွင်း ဆုရ သင်တန်းသားများအား ဆုများချီးမြှင့်ရာ တိုင်းဒေသကြီးစစ်မှုထမ်းစောင်းဥက္ကဌ ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် အတွင်းရေးမှူး ဦးမောင်မောင်အောင်တို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။

    အဆိုပါ အဆင့်မြင့် စည်းရုံးရေးသင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ စိတ်ဓါတ်ကောင်းမွန်ပြီး  ကျန်းမာ တက်ကြွသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကြီးများနဲ့ ရှေ့လုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားထားရတဲ့ စည်းရုံးရေးမှူးကောင်းများဖြစ်လာစေရန်နှင့် အဖွဲ့ကြီးရဲ့လုပ်ငန်းတာဝန်များနှင့် ရှေ့လုပ်ငန်းစဉ်များကို စစ်မှုထမ်းဟောင်းအဖွဲ့ရှေ့ကနေ ဦးစီး ဦးဆောင်ပြုနိုင်မည့် ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


မကွေးသတင်းစုံ

0 comments:

Post a Comment