Friday, December 19, 2014

ပေါက်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးခြင်း

ပေါက်   ဒီဇင်ဘာ ၁၉
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ စီစဉ်မှုဖြင့် မင်းဘူးမြို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်ဆန်းဝင်းနှင့် ဆရာဝန်ကြီးများ၊သူနာပြုများက ဒီဇင်ဘာ ၁၇၊ ၁၈ရက်များတွင် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံတွင် မျက်စိဝေဒနာရှင်(၇၆)ဦးအား အခမဲ့ခွဲစိတ်ကုသပေး ခြင်းများပြုလုပ်ခဲ့ပါသည်။

ယနေ့နံနက်(၉း၄၅)က ပေါက်မြို့နယ် ပြည်သူ့ဆေးရုံ ပြင်ပလူနာဆောင်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အဖွဲ့သည် မျက်စိခွဲစိတ်ပြီးဝေဒနာရှင်များအား အားပေးစကားများပြောကြားပြီး မျက်မှန်များတပ်ဆင်ပေးအပ်ပြီး အလှူငွေများပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မကွေးတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်မှ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးမှုနှင့်ပက်သက်၍ ရှင်းလင်းတင်ပြခြင်း၊ မင်းဘူးမြို့နယ် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဝင်းမှ မျက်စိခွဲစိတ်ကုသပေမှုအခြေအနေများကို တင်ပြခြင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ မျက်စိအထူးကုဆရာဝန်ကြီးနှင့် ဆရာ^မများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။

မျက်စိဝေဒနာရှင်များကိုယ်စား မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင် သမားတော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment