Monday, December 22, 2014

မြောက်လူးကန်မှ ပွင့်လန်းလာမည့် တိုင်းရင်းသားပညာရေးပန်းကလေးများ....

ပခုက္ကူမြို.နှင့်(၆)မိုင်ခန်. ကွာဝေးသော မြောက်လူးကန်ကျေးရွာကလေးသည် အိမ်ခြေ
(၄၀ဝ)နီးပါးရှိပြီး ပဲမျိုးစုံသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်.ရွာကလေး ဖြစ်သည်။ ဆရာ
တော်ဦးဇောတိကသည် ရွာ၏ကလေးငယ်များပညာရေးအတွက် ၁၉၉၉ ခုနှစ်တွင် ဘုန်းတော်
်ကြီး သင်ပညာရေးကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။

၂၀ဝ၄ ခုနှစ် မေလ ၂၉ ရက်နေ.၌
နိုင်ငံတော်မှ အမှတ်(၁၃)ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် အသိအမှတ်
်ပြုခဲ့သည်။ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူကြို/သူငယ်တန်း ၅၀ဦး၊ ပထမတန်း ၂၁ဦး၊
ဒုတိယတန်း ၂၁ ဦး၊ တတိယတန်း ၁၆ ဦး၊ စတုတ္တတန်း ၂၃ ဦး၊ ပဉ္စမတန်း ၂၈ဦး၊
ဆဋ္ဌမတန်း ၂၃ဦး၊ သတ္တမတန်း ၂၅ ဦး၊ အဋ္ဌမတန်း ၁၈ဦး၊တို.အား ဆရာ၊ဆရာမ
(၈)ဦးတို.မှ ပညာသင်ကြားပေးလျက်ရှိသည်။ မူလွန်ကျောင်းအဖြစ် ၂၀ဝ၈ ခုနှစ်က စတင်
ဖွင့်လှစ်ကာ ပုဗ္ဗာရုံပရဟိတဘုန်းတော်ကြီးသင်ကျောင်းအဖြစ် ဖုန်းကန်၊ ကွမ်းစီကန်၊
ပန်းတိုင်းခြုံ၊ ဥကံ္က၊စသည်.ကျေးရွာများ၏ အားထားရာပညာရေးကျောင်းဖြစ်လာခဲ့သည်။
၂၀၁၄-၁၅ ပညာသင်နှစ်တွင် ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓသာသနာ နှင့်ပညာရေး ကို
အမြော်အမြင်ကြီးစွာ လုပ်ဆောင်လျက်ရှိရာ ချင်းပြည်နယ် မင်းတပ် မတူပီနယ်မှ ချင်းတိုင်း
ရင်းသားကလေးငယ် ပဉ္စမတန်းကျောင်းသား(၃)ဦးအား ရှင်သာမဏေအဖြစ်လည်းကောင်း၊ သူ
ငယ်တန်းတွင် (၂)ဦးကိုလည်းကောင်း၊ ချင်းတိုင်းရင်းသူ(၆)ဦးတို့ကိုလည်းကောင်း အလုံးစုံ
တာဝန်ယူလျက် ပညာသင်ကြားပေးလျက်ရှိသည်။ သမီးရဲ့အမည်က မထန်းလှီးပါ ပဉ္စမတန်း
ကျောင်းသူဖြစ်ပါတယ် သမီးရဲ့ရွာက မင်းတပ်နဲ့(၆)မိုင်ဝေးတဲ့ အိမ်ခြေ(၆၀)သာရှိတဲ့ မကြန်း
ကျေးရွာဖြစ်ပါတယ် သမီးမှာ အဖေအမေရှိပါတယ် မွေးချင်း(၇)ယောက်မှာ တတိယမြောက်
ဖြစ်ပါတယ် မြောက်လူးကန်ရွာကလေးမှာ နေရတာပျော်ပါတယ် ပရိတ်ကြီး(၁၁)သုတ်၊ (၃၈)
မင်္ဂလာတရားတော်နဲ့ ညတိုင်း ဘုရားရှိခိုးပါတယ် သမီးရဲ့ ရည်မှန်းချက်က အင်ဂျင်နီယာကြီး
လုပ်ပါ့မယ် ချင်းတိုင်းရင်းသူလေး မထန်းလှီးက ပြောသည်။

သမီးရဲ့အမည်က မထန်းစိမ်း
ဖြစ်ပါတယ် ဆဌမတန်းမှာ ပညာသင်ကြားနေပါတယ် မိဘ(၂)ပါးရှိပါတယ် မွေးချင်း(၈)ဦးမှာ
သမီးက (၄)ယောက်မြောက်ဖြစ်ပါတယ် ဆရာဝန်ကြီးလုပ်မယ်ဟု မထန်းစိမ်းက ပြောသည်။
ပဉ္စမတန်းကျောင်းသူ မရွှီးပိုင်ကလည်း ဆရာဝန်ကြီးလုပ်မယ်ဟု ပြောသည်။ မရွှီးပိုင်နှင့်
အြွမာညီအစ်မကလည်း ဆရာဝန်မကြီးလုပ်မယ်ဟု ပြောသည်။ ဆဌမတန်းကျောင်းသူ
မထန်းလိုင်းကမူ ရဲမေအဖြစ် ထူးထူးခြားခြား ရည်မှန်းချက်ထားရှိသူ ဖြစ်သည်။ မကြန်းရွာ
ကလေးသည် မင်းတပ် မတူပီကြား ကားလမ်းဘေး၌ တည်ရှိသည်။ မြောက်လူးကန်မှ
ပွင့်လန်းလာမည့် တိုင်းရင်းသား ပညာရေးပန်းကလေးများသည် စာရေးသူအပြန်တွင် နယာမိ
နဲ့ယဲ့ (မင်္ဂလာပါ) နပွေသာနီး (ကျေးဇူးတင်ပါတယ်) ဟု နှုတ်ဆက်စကားဆိုလေသည်။
စာရေးသူလည်း ကြည်နူးမှုအပြည့်ဖြင့် ပခုက္ကူမြို့သို့ ပြန်ခဲ့ပါတော့သတည်း ။
 ကိုနေဦးမောင်

0 comments:

Post a Comment