Saturday, December 27, 2014
ဒဂုံအရှေ့ပိုင်းမြို့ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော်လည်း စေတမောင်ဆင်အကလူငယ်တစ်စု၏ ကြိုးစားမှုကြောင့်ကျပ်သိန်းပေါင်းနှစ်ရာလှူဒါန်းနိုင်
  ရန်​ကုန်​တိုင်း​ဒေသကြီး ဒဂုံအ​ရှေ့ပိုင်းမြိနယ်​ကို ၁၉၉၅-၉၆ခုနှစ်​ကအကွက်​ရိုက်​ခဲ့ပြီးစက်​မှုလက်​မှုအလုပ်​ရုံများအပြင်​ဝန်​ထမ်း
အိမ်​ယာများ၊ကျန်းမာ​ရေး​ဆေးခန်းနှင့်​စာသင်​​ကျောင်း၊ပန်​ခြံ​နေရာများပါရှိခဲ့​သော်​ည်း(၁၀)နှစ်​​ကျောအထိဖွံ့ဖြိုးတိုးတက်​မှုအား
နည်းခဲ့​သော်​လည်း၎င်းမြို့နယ်​အမှတ်​(၅)ရပ်​ကွက်​မှသာ့သနာ့အကျိုး​တော်​​ဆောင်​​စေတနာ​မောင်​(ဆင်​အက)လူငယ်​အဖွဲ့၏
ကြိုးစားအားထုတ်​မှု​ကြောင့်​ဘုန်း​တြော်​ကီး​ကျောင်း(၂၂)​ကျောင်းရှိသံဃာ​တော်​အပါး(၂၆၅)ပါးတို့အားဆဌမအကြိမ်​​မြောက်​အား
ရုဏ်​​ဆွမ်း​လောင်းလှူပြီးသည့်​အပြင်​ကထိန်​ခင်းခြင်း၊နဝကမ္မအလှူ​ငွေများစု​ပေါင်းလှူဒါန်းရာယခုနှစ်​တွင်​ကျပ်​သိန်းနှစ်​ရာ​ကျော်​ထိ
လှူဒါန်းပြီးဖြစ်​​ကြောင်းမြို့မိမြို့ဖတစ်​ဦးက​ပြောပြ၍သိရှိရသည်​။
  "ကျွန်​​တော်​တို့ဆင်​အကလူငယ်​အဖွဲ့ကို၂၀၀၈-၀၉ခုခုစ်​ကအမျိုးသား၊အမျိုးသမီးအင်​အား(၄၀)ခန့်​ဖြင့်​စတင်​ဖွဲ့စည်း၍အမှတ်
(၅)ရပ်​ကွက်​ဗိုလ်​မှူးဗထူးလမ်းမ​ပေါ်မှာနှစ်​စဉ်​ဝါတွင်းကာလ တနင်္ဂ​နွေ​နေ့တွင်​သံဃာကုန်​အာရုဏ်​ဆွမ်း​လောင်းလှူပါတယ်​။
သံဃာ​တော်​များဆွမ်း၊ကွမ်း၊ပစ္စည်း​လေးပါးပြည့်​စုံ​စေရန်​ဆင်​အကဖြင့်​အမှတ်​(၃၊၄၊၅၊၆)ရပ်​ကွက်​များမှာလှည့်​လည်​ပြီးစ​နေ​နေ့
တိုင်းအလှူခံထွက်​ပါတယ်​။အလှူခံရရှ်ိ​ငွေများကိုကိုယ်​အကျိုးအတွက်​တစ်​ပြားတစ်​ကျပ်​မှမသုံးပဲ၂၀၀၂ခုနှစ်​ကချမ်း​မြေ့​မေတ္တာ
ကျောင်းဖြစ်​​မြောက်​​စေ​ရေးအတွက်​ရပ်​ကွက်​(၁၃၀)မှာ​မြေကွက်​တစ်​ကွက်​ဝယ်​လှူဒါန်းခဲ့ပါတယ်​။၂၀၁၁ခုနှစ်​က​အောင်​​မေတ္တာ
ကမ္မဌာန်း​ကျောင်း​ဆောက်​လုပ်​ရန်​(၄၅)သိန်း​ကျော်​၊၂၀၁၂ခုနှစ်​က​ဝေဠုဝန်​​ကျောင်းဖြစ်​​မြောက်​​အောင်​(၃၅)သိန်းမတည်​လှူဒါန်း
နိုင်​ခဲ့ပါတယ်​။နှစ်​စဉ်​ဝါကျွတ်​တာနဲ့ကထိန်​ခင်းပါတယ်​။ယခုနှစ်​မှာဝါတွင်းကာလအာရုဏ်​ဆွမ်း​လောင်​ခြင်း၊ကထိန်​သင်္ကန်းကပ်​လှူ
ခြင်းတို့ကိုပြုလုပ်​လှူဒါန်းရာစုစု​ပေါင်းကျပ်​သိန်းတစ်​ရာကိုးဆယ်​​ကျော်​လှူဒါန်းနိုင်​ခ့ပါတယ်​။"​စေတနာ​မောင်​​ခေါင်း​ဆောင်​ဦး​အေး
မြင့်​က​ပြောပြသည်​။
   ဆင်​အကကသည့်​ကိုထွန်းထွန်းက"ကျွန်​​တော်​တို့အဖွဲ့ကို ကိုယ်​ထူကိုယ်​ထဖွဲ့စည်းခဲ့တာပါ။ဆင်​အရုပ်​ကို​တော့ငှား
လုပ်​ခိုင်းရပါတယ်​။အကကို​တော့နှစ်​​ယောက်​ကရတယ်​။ကျန့်​တဲ့အမျိုးသား။အမ်ျိုးသမီး​တွေကလည်း အမျိုးဘာသာ သာ့သနာတိုး
တက်​မြင့်​မား​ရေးအတွက်​တက်​တက်​ကြွကြွပါဝင်​​ဆောင်​ရွက်​ကြတယ်​။ဆင်​အကနဲ့လှူချင်​တဲ့အလှူ​တွေကိုလည်းအနီးအ​ဝေး
ကြည့်​ပြီးလိုက်​က​ပေးပါတယ်​။အခ​ကြေး​ငွေမသတ်​မှတ်​ပါဘူး။လှူတဲ့အလှူဒါယကာ၊ဒါယကာမ​တွေရဲ့ပါရမီကိုတဖက်​တလှမ်းက
ဖြည့်​ဆည်း​ပေးရလို့ကုသိုလ်​ပြုကြပါတယ်​။ယခုနှစ်​မှာ​တော့ထူးထူးခြားခြားကျွန်​​တော်​တို့တစ်​ဖွဲ့လုံးကို သ​ပြေ အိမ်​ခြံ​မြေအကျိုး
ဆောင်​မိသားစုကစပွန်​စာ​ပေးလို့အမျိုးသားအဖွဲ့(၂၆)​ယောက်​ကဆင်​တူအင်္ကျီဝတ်​ဆင်​ပြီးစက်​ဘီးနဲ့သွားကြတယ်​။အမျိုးသမီးအဖွဲ့က​တော့ကားနဲ့လိုက်​ပို့​ပေးတယ်​"ဟု​ပြောပြသည်​။
ရှည်​တည်​တံ​စေရန်​ရည်​ရွယ်​​ကြောင်း၊သို့​သော်​လည်းဆွမ်း​လောင်းလှူသည့်​​နေရာအတည်​တကျမရှိ​ကြောင်း၊​စေတနာ​မောင်​ဆင်​အကအဖွဲ့ထာဝရဆွမ်းချက်​လှူဒါန်းနိုင်​ရန်​​နေရာအတည်​တကျလှူဒါန်းမည့်​အလှူရှင်​များလိုအပ်​လျှက်​ရှိ​ကြောင်းသိရှိရပါသည်​။
ဇွဲထက်​ရှင်
                                                                                     Ph.09256539457
0 comments:
Post a Comment