Saturday, December 20, 2014

ရဲလုပ်ငန်းစဉ်များအား ပြည်သူများပါဝင် ပူးပေါင်းဆောင်ရွက်



ပွင့်ဖြူ     ဒီဇင်ဘာ     ၁၉
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့ ပွင့်ဖြူမြို့မရဲစခန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ် အောင်မြင်စွာအကောင်အထည်ဖေါ်ဆောင်ရွက် နိုင်ရေးအတွက် မြို့မိမြို့ဖများနှင့်တွေ့ဆုံဆွေးနွေးအား လစဉ်ကျင်းပဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ၁၉ ရက် နံနက် ၉ နာရီက အဆိုပါအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။  
 
          အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်လွင်မှ မိမိတို့ရဲလုပ်ငန်းစဉ်များနှင့်ပတ်သက် ၍ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစဉ်စနစ် အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်နိုင်ရေး အတွက် မြို့မိမြို့ဖများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မီဒီယာများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ၊ကြက်ခြေနီ၊ပြန်/ဆက်နှင့်လူငယ်ကွန်ယက်တို့မှ တက်ရောက်လာသူများအား မိမိတို့ရဲတပ်ဖွဲ့၏ ရဲလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လိုအပ်ချက်များအားပွင့်လင်းစွာ အကြံပြုတင်ပြခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပညာပေးဟောပြောပွဲများအား ရပ်ကွက်/ကျေးရွာများအထိ ချပြရှင်းလင်းစေလိုကြောင်း၊ တင်ပြဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

                                                                                                            09-256545189

0 comments:

Post a Comment